The network connection is lost.

Banner Image

နှစ်နှစ်တာကာလအပြီး နည်းပြဂျနက်စီယိုနဲ့ လမ်းခွဲရန် သဘောတူညီခဲ့တဲ့ လိုင်လီ

လိုင်လီအသင်းက နည်းပြဂျနက်စီယိုနဲ့ချုပ်ဆိုထားတဲ့ နှစ်နှစ်စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် လမ်းခွဲလိုက်ပြီလို့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ်နည်းပြက လိုင်လီကို လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ အခုလိုလမ်းခွဲမှုကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။

"၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စတင်ရောက်ရှိလာတဲ့ ဘရူနိုဂျနက်စီယိုက အသင်းကို သူ့ရဲ့ အရည်အချင်း၊ အားထုတ်ကြိုးပမ်းမှုတွေနဲ့အတူ အောင်မြင်မှုတွေရရှိအောင် နှစ်နှစ်တာကာလအတွင်း အကောင်းဆုံး လမ်းပြပေးခဲ့ပါတယ်" လို့ လိုင်လီအသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အသင်းက "ဥရောပပြိုင်ပွဲတွေမှာ နှစ်ကြိမ်တိုင်တိုင်ယှဉ်ပြိုင်ခွင့်ရခဲ့တာ၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ်မှာမှတ်တမ်းတင်ရမယ့်နိုင်ပွဲတွေ ရရှိခဲ့တာနဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကုန်ဆုံးချိန် အမှတ်ပေးဇယားတတိယနေရာရရှိခဲ့တာတွေက သူ့ရဲ့အောင်မြင်တွေပါပဲ" လို့လည်း ဆိုပါတယ်။

"ဂျနက်စီယိုက အသင်းရဲ့သမိုင်းကြောင်းမှာ ကောင်းမွန်တဲ့မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သလို အထူးလေးစားမှုနဲ့လည်း ထိုက်တန်သူတစ်ဦးအဖြစ် ဆက်ရှိနေပါလိမ့်မယ်" လို့ လိုင်လီအသင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"လိုင်လီအသင်းနဲ့ အသင်းဥက္ကဋ္ဌတို့က ဂျနက်စီယိုရဲ့ရှေ့ဆက်လုပ်ဆောင်မယ့်အစီအစဉ်တွေမှာ အောင်မြင်စေဖို့နဲ့ သူရဲ့လက်ကျန်နည်းပြသက်တမ်းတစ်လျှောက်လုံးမှာလည်း အရာရာတိုင်း အဆင်ပြေချောမွေ့ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်" လို့လည်း ဖော်ပြထားပါတယ်။