The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ဖို့ ဇာဘီအလွန်ဆိုအတွက် သတ်မှတ်ပေးထားတဲ့ အချိန်ကာလ ထွက်ပေါ်လာ

ချဲလ်ဆီးအသင်းဟာ မန်နေဂျာသစ်ဖြစ်သူ ဇာဘီအလွန်ဆို ကို သူတာဝန်ယူမယ့် ပထမဆုံး ၃ နှစ်အတွင်းမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဘီအလွန်ဆို ဟာ လီယမ် ရိုဆင်နီယာရဲ့နေရာမှာ အမြဲတမ်းနည်းပြအဖြစ် အစားထိုးဝင်ရောက်ဖို့ အတည်ပြုခံထားရသူဖြစ်ပြီး အသင်းနဲ့အတူ ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီစပိန်လူမျိုးနည်းပြဟာ ချဲလ်ဆီးအသင်းမှာ 'ဟက်ဒ်ကို့ချ်' (Head Coach) အဖြစ် မဟုတ်ဘဲ 'မန်နေဂျာ' (Manager) ဆိုတဲ့ ရာထူးအမည်ကို ရရှိမှာဖြစ်ပါတယ်။ ဒါဟာ BlueCo ပိုင်ရှင်တွေလက်ထက်မှာရော၊ ဟိုဆေးမော်ရင်ညို နောက်ပိုင်းမှာပါ အဲဒီရာထူးအမည်ကို ပထမဆုံးအကြိမ် ပြန်လည်ပေးအပ်ခံရတာလည်း ဖြစ်ပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဇာဘီအလွန်ဆို ရဲ့ လက်ထက်မှာ အောင်မြင်မှုကောင်းတွေ ရရှိလာဖို့ မျှော်လင့်နေပြီး သူ့ရဲ့ ပထမဆုံး ၃ ရာသီအတွင်းမှာတင် ပရီးမီးယားလိဂ်ဖလားကို အရယူပေးစေချင်နေတာပါ။

ဒါပေမဲ့ ဒါဟာ သူ့ရဲ့ တစ်ခုတည်းသော တာဝန်တော့ မဟုတ်ပါဘူး။ ဇာဘီအလွန်ဆို အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဆီကို အောင်နိုင်လိုစိတ် ပြင်းထန်တဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုပါ ပြန်လည်သယ်ဆောင်လာပေးဖို့ တာဝန်ပေးအပ်ခြင်း ခံထားရပါတယ်။