လီဗာပူးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ စောင့်ကြည့်ကြဖို့ မှတ်ချက်ပြုလိုက်တဲ့ ဗန်ဒိုက်
လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်ဆုံးချိန်၊ သက်တမ်းပြည့်မြောက်ဖို့ရှိနေတဲ့ သူ့ရဲ့စာချုပ်ကြောင့် အန်ဖီးလ်မှာရှိနေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့် ပါဝင်ကစားထားသလို ချန်ပီယံလိဂ်မှာလည်း လေးပွဲအနက် သုံးပွဲအထိ ပွဲထွက်ထားလို့ အီရာအိုလာရဲ့အစီအစဉ်တွေအတွက် အဓိကကစားသမားအဖြစ် ဆက်လက်ရှိနေပါတယ်။
ဒါပေမဲ့လည်း ဝါရင့်နောက်ခံလူက အခုလအတွင်း ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာကြောင့် ဂရိ၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ နယ်သာလန်ရဲ့နေးရှင်းလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။
မာဆေးဆိုဒ်မှာ နောက်ထပ်တစ်နှစ်ဆက်နေဖို့ ဗန်ဒိုက် ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေသလို သူ့ရဲ့ကိုယ်စားလှယ်တွေလည်း ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပေမဲ့ ကလပ်အသင်းရဲ့တရားဝင်စာချုပ်သစ်ကမ်းလှမ်းမှု မရှိသေးဘူးဆိုတဲ့ သဘောမျိုး အတိတ်မှာ အရိပ်အမြွက် ပြောဆိုခဲ့ဖူးပါတယ်။
ဗန်ဒိုက်က "ဒါက တကယ့်ကို အံ့သြဖွယ်ကောင်းတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့လို့ လာမယ့်နှစ်မှာ ထွက်ခွာရမယ်ဆိုရင် စိတ်ခံစားမှု ပြင်းထန်ရပါလိမ့်မယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ ကျွန်တော်က အနာဂတ်ကို အဝေးကြီးအထိ ကြိုမတွေးတတ်ပါဘူး။ ကျွန်တော့်အမြင်အရတော့ အဲဒီလိုအယူအဆဆိုတာပဲ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုလည်း အဲ့ဒီပုံစံကို မပြောင်းလဲနိုင်ပါဘူး"
"ဘာပဲဖြစ်လာဖြစ်လာ လက်ခံရပါလိမ့်မယ်။ စောင့်ကြည့်ကြတာပေါ့" လို့ ဆိုပါတယ်။