The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်ဖို့ လမ်းဖွင့်ထားတဲ့ ဖာဘရီဂတ်စ်

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်ပြီး လက်ရှိမှာ ကိုမိုအသင်းကို နည်းပြနေတဲ့ ဆစ်ဖာဘရီဂတ်စ်က တစ်နေ့နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးရှိလာရင် လက်ခံသွားမယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ လက်ရှိအချိန်မှာ စောင့်ကြည့်ရမယ့် လူငယ်နည်းပြတွေထဲက တစ်ယောက်ဖြစ်ပြီး သူကိုင်တွယ်နေတဲ့ ကိုမိုအသင်းကိုလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားပေးနေသူ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၁၅၀ အထိ ကစားပေးခဲ့ဖူးပေမဲ့ အသင်းဟောင်းအပေါ်ထားတဲ့ သံယောဇဉ်က သူ့ရဲ့နည်းပြသက်တမ်း တိုးတက်မှုလမ်းကြောင်းပေါ်မှာ အဟန့်အတား မဖြစ်စေချင်ပါဘူး။

"ကျွန်တော့်မှာ ဘာကန့်သတ်ချက် မှ မရှိပါဘူး။ အစကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့တာတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဥပမာအားဖြင့် လက်ထောက်နည်းပြ တစ်ယောက်အနေနဲ့တော့ မလုပ်ချင်ဘူးဆိုတာပါပဲ" လို့ ဖာဘရီဂတ်စ်က Cadena COPE သတင်းဌာနကို ပြောခဲ့ပါတယ်။

"ကျွန်တော်က အသင်းတစ်သင်းရဲ့ အဓိကနည်းပြ ပဲ ဖြစ်ချင်တာပါ။ နောက်တစ်ချက် (ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖို့ကိစ္စ) နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ဘာမှ မစဉ်းစားရသေးသလို အချိန်လည်း မပေးနိုင်သေးပါဘူး" လို့ သူက ဆက်ပြောပါတယ်။

စပိန်လူမျိုးနည်းပြ ဖာဘရီဂတ်စ်ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေပေမဲ့ ကိုမိုအသင်းမှာပဲ အနည်းဆုံး နောက်ထပ်တစ်ရာသီလောက် ဆက်ရှိနေဖို့ များနေပါတယ်။