The network connection is lost.

Banner Image

အန်ဒါဆန်ရဲ့ နော်တင်ဟမ်ဖောရက်စ် အနာဂတ်နဲ့ပတ်သက်ပြီး ပရဲရား မသေချာဖြစ်နေ

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြဖြစ်သူ ဗီတာပရဲရားက အီလီယော့ အန်ဒါဆန်အနေနဲ့ ဒီရာသီကုန်ရင် အသင်းမှာ ဆက်ရှိနေမလားဆိုတာကို သူကိုယ်တိုင်လည်း မသိသေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် အန်ဒါဆန်ဟာ ဖောရက်စ်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းအတော်များများရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့တာပါ။

မန်ယူ၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဒီကွင်းလယ်လူကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေကြပြီး အန်ဒါဆန်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ကလည်း အရင်ကထက် ပိုပြီးတော့ ဖြစ်နိုင်ခြေများနေပါတယ်။

နယူးကာဆယ်နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပရဲရားက အန်ဒါဆန်ဟာ လာမယ့်ရာသီမှာ အသင်းမှာ ဆက်ရှိနေမလားဆိုတာကို မသိသေးဘူးလို့ ဝန်ခံခဲ့တာပါ။

"သူ အသင်းမှာ ဆက်ရှိမလားဆိုတာ ကျွန်တော် မပြောနိုင်သေးပါဘူး၊ ကျွန်တော့်မှာ အဖြေမရှိသေးလို့ပါ။ သူဟာ ကမ္ဘာ့အဆင့်အတန်းရှိတဲ့ နေရာမျိုးနဲ့ ထိုက်တန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ကစားသမားဖြစ်သလို သူ့ရဲ့ကစားဟန်ကိုလည်း အပြည့်အဝ အသုံးချပြီး အားပေးဖို့ လိုပါတယ်။ ကျွန်တော် ထိပ်တန်းအရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ခဲ့ဖူးပေမဲ့ ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ကို ရှာဖို့ကတော့ မလွယ်ပါဘူး" လို့ ပရဲရားက ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ကျွန်တော် လာမယ့်ရာသီအတွက် မစဉ်းစားသေးပါဘူး။ အခုလက်ရှိ ဒီရာသီကို ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး အဆင့်တစ်ခုမှာ အဆုံးသတ်နိုင်ဖို့ကိုပဲ အာရုံစိုက်နေပါတယ်" လို့လည်း ဆိုခဲ့ပါတယ်။