စီးတီးဂရောင်းမှာ နောက်ကျသွင်းဂိုးဖြင့် အမှတ်ပြည့်ရယူခဲ့တဲ့ အာဆင်နယ်
နော်တင်ဟမ်ဖောရက်စ် ဝ-၁ အာဆင်နယ် (ပွဲပြီးရလဒ်)
အခုအဝေးကွင်းပွဲစဉ်မှာ ဧည့်သည်ဂန်းနားတွေက ပြိုင်ဘက်ခံစစ်ကြောင်းကို ဖြိုခွဲနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး လူစားဝင်ကစားသမားမာဒူကီရဲ့နောက်ကျသွင်းဂိုးနဲ့သာ အဖိုးတန်အနိုင်ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ တဖက်မှာလည်း အိမ်ရှင်ဖောရက်စ်က အိမ်ကွင်းပရိသတ်ရှေ့မှောက် အကောင်းဆုံးစွမ်းဆောင်ပြနိုင်ဖို့ စုစုစည်းစည်းတုံ့ပြန်ကစားသွားခဲ့ပြီး စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကို ဖန်တီးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ မန်စီးတီးနဲ့ သုံးမှတ်အကွာ၊ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။