The network connection is lost.

Banner Image

ပေါ်တိုမှာကစားနေတဲ့ အာဆင်နယ်နောက်ခံလူကီဝီအောကို စောင့်ကြည့်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းက အာဆင်နယ်နောက်ခံလူကီဝီအောကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ပိုလန်လက်ရွေးစင်ကစားသမားက အခုဘောလုံးရာသီမှာ ပေါ်တိုအသင်းဆီ အငှားဖြင့်သွားရောက်ကစားနေပြီး အကောင်းဆုံးခြေစွမ်းပြသနေပါတယ်။

Tuttosport ရဲ့ ဖော်ပြချက်အရ ကီဝီအောရဲ့ခြေစွမ်းကို ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ သဘောကျနေပြီး သူ့ရဲ့တိုးတက်မှုတွေကို စောင့်ကြည့်လေ့လာဖို့အတွက် ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။

ကီဝီအောရဲ့အငှားစာချုပ်ထဲမှာ ယူရို ၂၅ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်နေလို့ ပေါ်တိုအသင်းအတွက် ကစားသမားကို အပြီးသတ်ဝယ်ယူကာ အမြတ်အစွန်းများများဖြင့် ပြန်လည်ရောင်းချနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။

ဒါပေမဲ့ သူ့ကို တခြားအသင်းဆီ ပြန်လည်ရောင်းချခဲ့မယ်ဆိုရင်တောင် မူလစာချုပ်ပါသဘောတူညီချက်အရ အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေးရဲ့ ဝေစုတစ်စိတ်တစ်ပိုင်းကို ရရှိသွားပါလိမ့်မယ်။