ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားကို ၆မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၃ - ၀ ဖူလ်ဟမ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်မှာတော့ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ တိုက်စစ်စွမ်းဆောင်ရည်ကောင်းပြန်လည်ပြသကာ ဂိုးပြတ်နိုင်ပွဲရှာဖွေသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်က ပထမပိုင်းအတွင်းမှာတင် ယောကရက်စ်၊ ဆာကာတို့ရဲ့ဂိုးတွေနဲ့အတူ သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ အဓိက ကစားသမားတွေ အနားပေးကာ ပွဲကိုထိန်းကစားသွားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် နှစ်ပွဲပိုကစားကာ အမှတ်ပေးဇယားကို ၆မှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။