The network connection is lost.

Banner Image

မာဆေးလ်နည်းပြဘီယေးအတွက် အဖြေတစ်ခုမဖြစ်လာခဲ့တဲ့ အာဆင်နယ်ကြယ်ပွင့် အီသန်ဝါနရီ

အာဆင်နယ်မှ မာဆေးလ်ဆီ အငှားဖြင့်ရောက်ရှိနေတဲ့ အီသန်ဝါနရီရဲ့အပြောင်းအရွှေ့က နည်းပြဘီယေးလက်ထက်မှာ ဆိုးရွားတဲ့အခြေအနေဆီ ဆိုက်ရောက်နေတယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားလေးက မာဆေးလ်ဆီစရောက်ချိန် ခြေစွမ်းပြနိုင်ခဲ့ပြီး ဇန်နဝါရီလအတွင်း ချန်ပီယံဆုစိန်ခေါ်နေတဲ့ လန်းစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နည်းပြရောဘတ်တိုဒီဇာဘီ အသင်းမှထွက်ခွာသွားခဲ့ပြီး သူ့နေရာမှာ ဘီယေးက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ နည်းပြသစ်ဘီယေးကိုယ်တိုင်လည်း အသင်းမှာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုမပြနိုင်ဘဲ ရုန်းကန်နေရပြန်ပါတယ်။

လတ်တလောသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘီယေးက "အီသန်ဝါနရီကိုယ်တိုင်လည်း နေ့စဉ်လေ့ကျင့်မှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေမှာ အခုထက် ပိုပြီးလုပ်ပြဖို့ လိုအပ်တယ်" ဆိုပြီး အာဆင်နယ်ရဲ့အငှားကစားသမားကို လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပါတယ်။

L’Equipe သတင်းဌာနရဲ့ဖော်ပြချက်အရ ဝါနရီနဲ့ ဘီယေးတို့အကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့ပြီး အာဆင်နယ်အငှားကစားသမားအတွက် ပွဲထွက်ခွင့်ရဖို့ဆိုတာ အလှမ်းဝေးသွားပြီလို့ သိရပါတယ်။

မြောက်လန်ဒန်ကလပ်ကလည်း PSR ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့အတွက် အကယ်ဒမီထွက်ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်နေလို့ အခုနွေရာသီမှာ အာဆင်နယ်မှ အီသန်ဝါနရီ အပြီးတိုင်ထွက်ခွာသွားရဖွယ် ရှိပါတယ်။