ပီအက်စ်ဂျီနဲ့ ပထမအကျော့ပွဲစဉ်မတိုင်ခင် ဘိုင်ယန်ကစားသမားနှစ်ဦးရဲ့ဒဏ်ရာအခြေအနေ သတင်းထွက်ပေါ်လာ
ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်ကစားသမားတွေဖြစ်တဲ့ တွမ်ဘစ်ချော့ဖ်နဲ့ လင်းနတ်ကာလ်တို့ရဲ့ ဒဏ်ရာအခြေအနေကို Bild သတင်းဌာနက ဖော်ပြပေးခဲ့ပါတယ်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်နေချိန်မှာ တွမ်ဘစ်ရှော့ဖ်နဲ့ လင်းနတ်ကာလ်တို့ နှစ်ဦးလုံးက ဒဏ်ရာမှပြန်သက်သာလာလို့ တိုးတက်မှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ Bild ရဲ့ဖော်ပြချက်အရ ပြင်သစ်နိုင်ငံမြို့တော်မှာ လာမယ့်အင်္ဂါနေ့ပထမအကျော့ပွဲစဉ်အတွက် ဒဏ်ရာရနေတဲ့ကစားသမားနှစ်ဦ ပါဝင်ကစားဖို့အတွက် မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။
ဒါပေမဲ့ မေ ၆ ရက်၊ မြူးနစ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ သူတို့နှစ်ဦးလုံး ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လင်းနတ်ကာလ်ကတော့ ပေါင်ကြွက်သားစုတ်ပြဲဒဏ်ရာမှ ပြန်လည်သက်သာလာအောင် ကုသနေရပြီး ဧပြီလအစောပိုင်းမှာ ဘိုင်ယန်အတွက် နောက်ဆုံးအကြိမ် ကစားပေးခဲ့ပါတယ်။
ဘစ်ချော့ဖ်ကလည်း ကြွက်သားဒဏ်ရာကြောင့်ပဲ အနားယူနေရပြီး ဘိုင်ယန်မြူးနစ်ရဲ့ဘွန်ဒက်စ်လီဂါနောက်ဆုံးပွဲစဉ်နှစ်ခုလုံးကို လွဲချော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့အစောပိုင်းမှာတော့ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့လုံးကို ဂွါရဲရိုးလွဲချော်လိမ့်မယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။