The network connection is lost.

Banner Image

မိုဆာလက်ရဲ့ လီဗာပူးကစားသမားဘဝ အဆုံးသတ်သွားမယ့်အလားအလာကို စိုးရိမ်နေတဲ့ အန်းစလော့

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့စနေနေ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မိုဆာလက်ရဲ့ လီဗာပူးကစားသမားဘ၀ ပြီးဆုံးသွားမယ့်အလားအလာကို နည်းပြအန်းစလော့ စိုးရိမ်နေပါတယ်။

မိုဆာလက်က ပေါင်နောက်ကြောဒဏ်ရာ (Hamstring) လို့ ယူဆရတဲ့ ဒဏ်ရာနဲ့အတူ ပွဲချိန် ၅၉ မိနစ်မှာ ကွင်းတွင်းမှ ထွက်ခွာလာရပါတယ်။

"နောက်ထပ်နိုင်ပွဲတစ်ခုနဲ့အတူ နောက်ထပ် ဒဏ်ရာတစ်ခု ထပ်ရပြန်ပါပြီ။ ဒါကပဲ ကျွန်တော်တို့ရဲ့ ဒီရာသီ ဇာတ်ကြောင်းပါပဲ" လို့ အန်းစလော့က Match of the Day အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

"ပြောဖို့တော့ စောပါသေးတယ်၊ ဒါပေမဲ့ မိုဆာလက်အကြောင်းကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူကိုယ်တိုင် ကွင်းတွင်းမှထွက်ခွာဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာကိုပေါ့။ အခုလို ကွင်းတွင်းမှ သူထွက်သွားရတယ်ဆိုတာ တစ်ခုခု ထူးခြားနေပြီဆိုတာ ပြနေတာပါပဲ၊ ဒါပေမဲ့ ဒဏ်ရာက ဘယ်လောက်အထိ ဆိုးမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်" လို့လည်း လီဗာပူးနည်းပြက ဆိုပါတယ်။

မိုဆာလက်က အသင်းအကြီးအကဲတွေနဲ့ သဘောတူညီမှုရရှိထားလို့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်အလိုဖြစ်တဲ့ ဒီနွေရာသီမှာပဲ လီဗာပူးမှ ထွက်ခွာပါတော့မယ်။

အကယ်၍ ပေါင်နောက်ကြောဒဏ်ရာသာဖြစ်မယ်ဆိုရင် မိုဆာလက်က အနည်းဆုံးတစ်လလောက် ဒါမှမဟုတ် ဒီထက်ပိုပြီး အနားယူသွားရပါလိမ့်မယ်။