The network connection is lost.

Banner Image

ပဲလေ့စ်ကို အနိုင်ရရှိခြင်းက လီဗာပူးအတွက် ခြေလှမ်းကောင်းတစ်ရပ်ပဲလို့ ရောဘတ်ဆန်ဆို

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ လီဗာပူးနောက်ခံလူရောဘတ်ဆန် ဝမ်းသာပီတိဖြစ်နေပါတယ်။ ဒီပွဲစဉ်၊ ၃-၁ ဂိုးဆိုတဲ့ရလဒ်ကြောင့် လီဗာပူးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ပွဲစဉ်အပြီး ရောဘတ်ဆန်က "ဒီရာသီမှာ ကျွန်တော်တို့ရဲ့ခြေစွမ်းနဲ့ တခြားအခြေအနေတွေကြောင့် ရည်မှန်းချက်တွေ ပြောင်းလဲသွားတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ ဒီကလပ်အသင်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ ဒီနေ့နိုင်ပွဲကတော့ အဲဒီအတွက် ခြေလှမ်းကောင်းတစ်ရပ် ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"အသင်းတိုင်းကတော့ အမှတ်ပေးဇယားရဲ့အဆင့် ၅ အတွင်းဝင်ဖို့ အမြဲတမ်းကြိုးစားနေကြပါတယ်။ အက်စတွန်ဗီလာအသင်း အမှတ်လျော့သွားတာကို ကျွန်တော်တို့ ကြိုသိထားသလို၊ ကျွန်တော်တို့သာ နိုင်ပွဲရရင် သူတို့ရဲ့အထက်ကို ရောက်သွားမယ်ဆိုတာကိုလည်း သိထားပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် "ဒါကြောင့် ကျွန်တော်တို့အထက်မှာ ရှိနေတဲ့ အသင်းတွေကို လိုက်မှီချင်သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း သေချာပေါက် ရယူချင်ပါတယ်။ ဒါက ဒီကလပ်အသင်းအတွက် တကယ်အရေးကြီးပြီး ဒီနေ့မှာတော့ ခြေလှမ်းကြီးတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီလို့ ထင်ပါတယ်" လို့လည်း ရောဘတ်ဆန်က ဆိုပါတယ်။