The network connection is lost.

Banner Image

ပဲလေ့စ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ အီဆက်ခ်ဂိုးသွင်းယူနိုင်လို့ ပျော်ရွှင်ကျေနပ်နေတဲ့ အန်းစလော့

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့စနေနေ့လိဂ်ပွဲစဉ်မှာ အသင်းအတွက် ကံကောင်းမှုတွေ ရှိခဲ့တယ်လို့ လီဗာပူးနည်းပြအန်းစလော့ ယူဆနေပါတယ်။ 

အခုပွဲစဉ်မှာ လီဗာပူးက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အက်စတွန်ဗီလာကိုကျော်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အီဆက်ခ်နဲ့ ရောဘတ်ဆန်တို့က ဦးဆောင်ဂိုးတွေသွင်းယူပေးခဲ့ပြီး မူနော့ဇ်က ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီးမှာတော့ ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအတွက် အပိတ်ဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။

ပွဲစဉ်အပြီး "ဒီရာသီမှာ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အရာအားလုံးက တကယ်ကို မဖြစ်နိုင်လောက်အောင် ထူးဆန်းလွန်းလို့ ဒါတွေနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်တောင် ရေးလို့ရတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ အခုတော့ ဒီထက်ပိုပြီး ထူးထူးခြားခြား ဘာမှမဖြစ်နိုင်တော့ဘူးလို့ ထင်လိုက်တိုင်း အသစ်အသစ်တွေ ထပ်ဖြစ်နေတုန်းပါပဲ။ ဒီနေ့ပွဲမှာလည်း မြင်ခဲ့ရတဲ့အတိုင်း ဂိုးသမားက ကွင်းထဲမှာ လဲကျနေချိန် ဂိုးပေးလိုက်ရပါတယ်။ ရလဒ်ပိုင်းအရတော့ အနိုင်ရခဲ့လို့ ကောင်းပါတယ်။ ဒီလိုမျိုး ဂိုးမပေးချင်တဲ့ပုံစံနဲ့ ဂိုးပေးလိုက်ရပေမဲ့ အနိုင်ရလဒ်ကတော့ အပြုသဘောဆောင်ပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့ကတော့ အဆုံးအထိ ဆက်တိုက်ပွဲဝင်ခဲ့ပြီး ၃-၁ ဂိုးဆိုတဲ့ရလဒ်ဖြစ်စေမယ့် ဂိုးကိုတောင် သွင်းနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ကံမကောင်းတာတွေ အများကြီးကြုံခဲ့ရပြီး ပုံမှန်ဆိုရင် အမှတ်တွေ ဆုံးရှုံးရလေ့ရှိပေမဲ့ ဒီနေ့မှာတော့ အမှတ်မလျော့ခဲ့ပါဘူး။ ဒါက တကယ်ကို ကောင်းတဲ့အချက်ပါ။ အသင်းနှစ်ခုလုံးရဲ့ကစားပုံကို ကြည့်မယ်ဆိုရင် ပဲလေ့စ်လည်း ကောင်းကောင်းကစားနိုင်ခဲ့သလို ဂိုးရဖို့လည်း နီးစပ်ခဲ့လို့ သူတို့ ဂိုးပြန်ရတယ်ဆိုတာ ထိုက်တန်ပါတယ်။ ဒါပေမဲ့ အနိုင်ရပြီးနောက် မိုဆာလက် ထပ်ဒဏ်ရာရသွားတာကတော့ ကျွန်တော်တို့ရဲ့ ဒီရာသီအခြေအနေကို ပြန်ပြီး မီးမောင်းထိုးပြနေသလိုပါပဲ" လို့လည်း အန်းစလော့က ဆိုပါတယ်။

လီဗာပူးအတွက် အီဆက်ခ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနဲ့ ပတ်သက်ပြီး အန်းစလော့ "အီဆက်ခ် ဂိုးသွင်းနိုင်ခဲ့တာက တကယ်ကို ဝမ်းသာစရာပါ။ သူ့ကို စာချုပ်ချုပ်ခဲ့စဉ်ကတည်းက ဂိုးသွင်းနိုင်မယ်ဆိုတာ သိထားပြီးသားဖြစ်သလို ဒီနေ့မှာလည်း အဲဒါကို သူ သက်သေပြနိုင်ခဲ့ပါတယ်။ ဒီရာသီရဲ့တချို့ပွဲတွေမှာ ဒီထက်ပိုကောင်းတဲ့အခွင့်အရေးတွေ ရခဲ့ဖူးပေမဲ့ အခုလိုမျိုး ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ရှိနေဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ပွဲအတွင်းမှာ အသင်းအတွက် ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်စေလို့ပါ" လို့ ဖြည့်စွက်ပြောကြားသွားပါတယ်။