The network connection is lost.

Banner Image

အက်ဖ်အေဖလားဆီမီးဖိုင်နယ်မတိုင်ခင် ချယ်လ်ဆီးကစားသမားရဲ့စိတ်အားထက်သန်မှုကို မြင်တွေ့ချင်တယ်လို့ ပြောလိုက်တဲ့ မက်ဖာလိန်း

ချယ်လ်ဆီးယာယီနည်းပြမက်ဖာလိန်းက ဒီည၊ လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်ဖွင့်ပြီး အသာစီးကစားသွားဖို့ ရည်မှန်းထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ဝင်ဘာလေကွင်းပွဲစဉ်မှာ မက်ဖာလိန်းက နည်းပြဟောင်းရိုဆင်နီယာရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး ဗွေဆော်ဦးပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့အတူ တိုက်ပွဲဝင်သွားရပါမယ်။

"ကျွန်တော်တို့က တိုက်စစ်အသားပေး ကစားချင်တာပါ။ ပွဲရဲ့အစိတ်အပိုင်းတိုင်းမှာ ပြိုင်ဘက်ကို ဖိအားပေးပြီး စိတ်အားထက်သန်စွာကစားချင်သလို ပွဲကိုလည်း အလုံးစုံထိန်းချုပ်ထားပြီး နောက်ဆုံးမှာ အနိုင်ရရှိဖို့ ရည်မှန်းထားပါတယ်" လို့ မက်ဖာလိန်းက ရှင်းပြခဲ့ပါတယ်။

"ဒါက ဘောလုံးပွဲတစ်ခုမှာ အနိုင်ရဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သလို ဒီအသင်းအတွက်လည်း အနိုင်ရဖို့ အသင့်တော်ဆုံးနည်းလမ်းလို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကလည်း အလားတူပဲ အနိုင်ရဖို့ ကြိုးစားလာမှာဖြစ်လို့ ကဏ္ဍတိုင်းမှာ သူတို့ထက် ပိုကောင်းနေဖို့ လိုပါတယ်။ ဒါကပဲ တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ စိန်ခေါ်မှုပါပဲ" လို့ ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီး မက်ဖာလိန်းက "ကျွန်တော်တို့ဘက်က လုပ်နိုင်သမျှ အကုန်လုံးကို လုပ်ဆောင်ထားပြီးပါပြီ။ လိဒ်စ်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ ကစားသမားတွေ အကောင်းဆုံးပြင်ဆင်ထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ သူတို့ဘက်က ဘယ်လို အခက်အခဲတွေ ပေးလာနိုင်လဲဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်" လို့ ပြောပါတယ်။

"သူတို့က ပြဿနာအများကြီးပေးနိုင်တဲ့ အသင်းကောင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေက အက်ဖ်အေဖလားဗိုလ်လုပွဲဆီတက်လှမ်းဖို့ စိတ်အားထက်သန်နေကြပါတယ်။ အားလုံးက စည်းလုံးညီညွတ်စွာနဲ့ အဆင်သင့်ဖြစ်နေပါပြီ" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။