The network connection is lost.

Banner Image

မန်စီးတီးနည်းပြသစ်ဖြစ်လာတော့မယ့် အန်ဇိုမာရက်စကာက ဂျက်ဂရီးလစ်ရှ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေ

မကြာခင်မှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်တော့မယ့် နည်းပြ အန်ဇိုမာရက်စကာဟာ ဂျက်ဂရီးလစ်ရှ်ရဲ့ ကစားသမားဘဝကို အသင်းမှာ ပြန်လည်အသက်သွင်းပေးနိုင်ဖို့အတွက် ၎င်းနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် ဂရီးလစ်ရှ်ဟာ နည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပြီးနောက် ၂၀၂၅-၂၆ ရာသီအတွက် အဲဗာတန်အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရသူ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ မာဆေးဆိုဒ်ကလပ်မှာ အစပိုင်းက ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သူ့ရဲ့ကလပ်ဟောင်း အက်စတွန်ဗီလာကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ခြေထောက်အရိုးကျိုးဒဏ်ရာ ရရှိခဲ့တာကြောင့် ရာသီဝက်နဲ့တင် အနားယူခဲ့ရပါတယ်။

Daily Mirror သတင်းစာရဲ့ ဖော်ပြချက်အရ မကြာခင် ရောက်ရှိလာတော့မယ့် နည်းပြသစ် မာရက်စကာဟာ ဂရီးလစ်ရှ်အတွက် အသင်းမှာ နေရာပြန်ရဖို့ မျှော်လင့်ချက်အသစ်တစ်ခု ပေးသွားဖွယ် ရှိနေပါတယ်။

အသက် ၄၆ နှစ်အရွယ် နည်းပြ မာရက်စကာဟာ ဂရီးလစ်ရှ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေသလို အသင်းရဲ့ အာရှခြေစမ်းခရီးစဉ် မတိုင်ခင်မှာလည်း ဂရီးလစ်ရှ်ကို အသင်းဆီ ပြန်လည်သတင်းပို့ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းဘက်ကလည်း ဂရီးလစ်ရှ်ကို ဆက်လက်ထိန်းသိမ်းထားချင်နေပြီး အငှားစာချုပ်ထဲမှာ ပေါင် ၅၀ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ပါဝင်နေပေမဲ့ အဲဒီပမာဏဟာ အသင်းအတွက် များပြားလွန်းနေတယ်လို့ ယူဆနေကြပါတယ်။