The network connection is lost.

Banner Image

ဖူလ်ဟမ်ကို သရေကျပြီး ပရီးမီးယားလိဂ်မှာ လေးပွဲဆက် နိုင်ပွဲပျောက်သွားတဲ့ မန်စီးတီး

မန်စီးတီး ၁ - ၁ ဖူလ်ဟမ် (ပွဲပြီးရလဒ်)

မန်စီးတီးအသင်းက ယနေ့ညပွဲစဉ်အတွင်း ကွင်းလယ်ပိုင်း အပြောင်းအလဲလုပ်လာခဲ့ပေမဲ့ အားရစရာကစားပုံမျိုး မမြင်ရဘဲ နိုင်ပွဲထပ်ပျောက်ခဲ့ပြန်ပါတယ်။

ဖူလ်ဟမ်က နိုင်ပွဲရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမဲ့ မူနစ်ဇ်၊ အော်စကာဘော့တို့ အသုံးမချနိုင်ခဲ့တာကြောင့် သရေနဲ့ပဲကျေနပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ ၃ပွဲဆက် ရှုံးပွဲကြုံထားတဲ့ မန်စီးတီးတို့ ရှုံးပွဲဆက်မှု ရပ်တန့်နိုင်ခဲ့ပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။