ဝိန်းရွန်းနီရဲ့စံချိန်ကို လိုက်မီသွားပြီးနောက် အာဂျင်တီးနားနဲ့ပွဲစဉ်မှာ သမိုင်းမှတ်တိုင်သစ်ကို ထပ်မံရေးထိုးနိုင်တော့မယ့် ဟယ်ရီကိန်း
နော်ဝေနဲ့ပွဲစဉ်မှာ ဝိန်းရွန်းနီရဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့တဲ့ ဟယ်ရီကိန်းက အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပွဲအများဆုံးကစားပေးထားတဲ့ ဂိုးသမားမဟုတ်သော ကစားသမား ဖြစ်လာပါတော့မယ်။
ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟယ်ရီကိန်းဟာ နော်ဝေကို အချိန်ပိုမှာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ စနေနေ့၊ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အတွက် အကြိမ် ၁၂၀ မြောက် ပွဲထွက်ပါဝင်ကစားရင်း သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။
ဒီသမိုင်းမှတ်တမ်းသစ်ကြောင့် ဟယ်ရီကိန်းက ၂၀၁၈ ခုနှစ်မှာ လက်ရွေးစင်အသင်းကစားသမားအနားယူသွားတဲ့ သရဲနီတိုက်စစ်မှူးဟောင်းနဲ့အတူ အင်္ဂလန်အတွက် ပွဲအများဆုံးကစားထားတဲ့ ဂိုးသမားမဟုတ်သော ကစားသမားအဖြစ် ပူးတွဲစံချိန်တင်နိုင်ခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်ကိုသာ မျှော်လင့်ထားတဲ့အတိုင်း ဟယ်ရီကိန်း ပါဝင်ကစားမယ်ဆိုရင် သူ့အတွက် ၁၂၁ ကြိမ်မြောက်လက်ရွေးစင်အဆင့်ပွဲစဉ် ဖြစ်လာနိုင်ပြီး ဝိန်းရွန်းနီရဲ့စံချိန်ကိုလည်း ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက နိုင်ငံအတွက် ၁၂၅ ပွဲအထိ ကစားပေးထားတဲ့ ဂိုးသမားပီတာရှီလ်တန်ရဲ့ သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားပေးထားသူဆိုတဲ့ စံချိန်ကိုလည်း အမီလိုက်နိုင်ဖို့ နီးစပ်လာပါပြီ။
အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားပေးထားသူများ
၁ - ပီတာရှီလ်တန် – ၁၂၅ ပွဲ
၂ (ပူးတွဲ) - ဝိန်းရူနီ – ၁၂၀ ပွဲ
၂ (ပူးတွဲ) - ဟာရီကိန်း – ၁၂၀ ပွဲ
၃ - ဆာ ဒေးဗစ်ဘက်ခမ်း – ၁၁၅ ပွဲ
၄ - စတီဗင်ဂျာရတ် – ၁၁၄ ပွဲ
၅ - ဘော်ဘီမိုး – ၁၀၈ ပွဲ
၆ - အက်ရှ်လေကိုးလ် – ၁၀၇ ပွဲ
၇ (ပူးတွဲ) - ဆာ ဘော်ဘီချာလ်တန် – ၁၀၆ ပွဲ
၈ (ပူးတွဲ) - ဖရန့်လမ်းပတ် – ၁၀၆ ပွဲ
၉ - ဘီလီရိုက်စ် – ၁၀၅ ပွဲ
၁၀ - ကိုင်လီဝေါ်လ်ကာ – ၉၆ ပွဲ