The network connection is lost.

Banner Image

နှလုံးခွဲစိတ်ကုသမှု ခံယူပြီးနောက် နာပိုလီအတွက် ပြန်လည်ကစားပေးတော့မယ့် တိုမီနေး

နှလုံးခုန်နှုန်းမမှန်တဲ့ရောဂါကို ခွဲစိတ်ကုသပြီးနောက် ကွင်းလယ်လူမက်တိုမီနေး ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ နာပိုလီအသင်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်စကော့တလန်လက်ရွေးစင်ကစားသမားက စိုးရိမ်စရာမလိုတဲ့ သာမန်နှလုံးခုန်နှုန်းမမှန်တဲ့ဝေဒနာ ခံစားနေရတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် မန်ချက်စတာမြို့ရှိ Spire ဆေးရုံမှာ စက်တင်ဘာလအတွင်း နှလုံးသွေးကြောခွဲစိတ်ကုသမှုကို ခံယူခဲ့ပါတယ်။

နောက်ထပ်စစ်ဆေးမှုတွေ ခံယူပြီးချိန်မှာ မက်တိုမီနေးအတွက် အားကစားလှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ သူက နာပိုလီရဲ့လေ့ကျင့်ကွင်းဆီ ပြန်လည်ရောက်ရှိလာပြီး နည်းပြအယ်လီဂရီရဲ့လက်အောက်မှာ လေ့ကျင့်ပြင်ဆင်သွားဖို့ ရှိနေပါတယ်။

နေပယ်လ်အခြေစိုက်ကလပ်အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ "မက်တိုမီနေးကို နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန် သူ့မှာ ဘောလုံးကစားနိုင်တဲ့ ကြံ့ခိုင်မှုအပြည့် ရှိနေပြီဆိုတာ တွေ့ရှိလိုက်ရပါတယ်။ ဒါကြောင့် နာပိုလီကစားသမားက သီးသန့်လေ့ကျင့်မှုကာလအပြီး အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေး ပြန်လည်စတင်နိုင်ခဲ့ပါပြီ" လို့ ဖော်ပြခဲ့ပါတယ်။

မက်တိုမီနေးက သြဂုတ် ၃၀ ရက်နောက်ပိုင်း ဘောလုံးကစားခွင့် မရရှိခဲ့ဘဲ လက်ရှိစီးရီးအေချန်ပီယံအင်တာမီလန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်နဲ့ အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ စီးရီးအေအမှတ်ပေးဇယားန၀မနေရာရှိ နာပိုလီက အမှတ်ပေးဇယားဆဋ္ဌမနေရာရှိ ဖရိုစီနိုနီကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။