The network connection is lost.

Banner Image

မွန်တာရေးရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကနေ ဖယ်ထုတ်ခံထားရတဲ့ မာရှယ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်တိုနီမာရှယ်ဟာ မွန်တာရေးအသင်းရဲ့ စီနီယာအသင်း လေ့ကျင့်ရေးအစီအစဉ်ကနေ ဖယ်ထုတ်ခံလိုက်ရပါတယ်။

မွန်တာရေးအသင်း စီမံခန့်ခွဲသူတွေက အန်တိုနီမာရှယ်ကို ပထမအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်ခွင့်မပေးဘဲ ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မက္ကဆီကိုလိဂ် (Liga MX) ပွဲစဉ်မှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရတဲ့အပေါ် ပြသခဲ့တဲ့ သူ့ရဲ့ မချေမငံတဲ့ အမူအရာတွေကြောင့် အခုလိုမျိုး အပြစ်ပေးခံရတာ ဖြစ်ပါတယ်။

တီယူဒီအန် (TUDN) သတင်းဌာနရဲ့ ဖော်ပြချက်အရ ချီဗတ်စ်အသင်းနဲ့ ပွဲစဉ်မှာ လူငယ်ကစားသမား ဂျိုအာကင်မိုဆီကာကို သူ့ထက်အရင် လူစားလဲဝင်ခိုင်းခဲ့တဲ့အပေါ် အန်တိုနီမာရှယ်က အရမ်းကို ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။

မွန်တာရေးအသင်းရဲ့ နည်းပြသစ် နီကိုလပ်စ်ဆန်းချက်ဇ်ကတော့ ဒီကိစ္စကို ချက်ချင်းအရေးယူခဲ့ပြီး အန်တိုနီမာရှယ်ကို ပထမအသင်းနဲ့အတူ လေ့ကျင့်ခွင့်မပေးဘဲ သီးသန့်ခွဲပြီး လေ့ကျင့်ဖို့ အမိန့်ပေးလိုက်တာပါ။ လက်ရှိမှာတော့ မွန်တာရေးအသင်းဟာ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်တိုက်မှာ အနိုင်ရရှိထားခြင်း မရှိသေးပါဘူး။