ဂျူဗင်တပ်စ်အသင်းဆီ ပြန်ရောက်လာတဲ့ ကိုလိုမူအာနီ
ရန်ဒယ်ကိုလိုမူအာနီက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ဒုတိယရာသီဝက်ကာလမှာ အငှားကစားသမားအဖြစ် ကျင်လည်ရင်း ခြေစွမ်းပြသခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်အသင်းဆီ တရားဝင် ပြန်လည်ရောက်ရှိလာပါတယ်။
နန့်တက်စ်အသင်းအကယ်ဒမီမှ ပေါ်ထွက်လာတဲ့ အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးက အသင်းကြီးမှာ နေရာရလာပြီးနောက် ဖရန့်ဖတ်အသင်းဆီ ပြောင်းရွှေ့ကာ အောင်မြင်မှုတွေ ရှာဖွေနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့သလို အဲ့ဒီနောက်မှာတော့ ဂျူဗင်တပ်စ်နဲ့အတူ ပထမအကြိမ်အငှားကစားသမားဘ၀ကို ဖြတ်သန်းခဲ့ပါတယ်။
တူရင်မြို့မှာ ပထမအကြိမ်ကစားချိန်အတွင်း မူအာနီက ၂၂ ပွဲကစား၊ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ပြီး အသင်းအတွက် အဆုံးအဖြတ်အခိုက်အတန့်တွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာတော့ သူက တော့တင်ဟမ်အသင်းဆီ အငှားသွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။
အခုအခါမှာတော့ သူက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်မတိုင်ခင် နည်းပြစပယ်လက်တီရဲ့တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ ပိုမိုများပြားလာအောင် ကူညီပေးနိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည်ရောက်ရှိလာပါပြီ။