ဇွန်လကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် ကာတစ်ဂျုံးစ်အတွက် နောက်တစ်ကြိမ်ကြိုးပမ်းလာနိုင်တဲ့ အင်တာမီလန်
အင်တာမီလန်အသင်းက လီဗာပူးလ်ကြယ်ပွင့်ကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့အတွက် အခုနွေရာသီကာလအတွင်း ဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ပါတယ်။
စီးရီးအေချန်ပီယံတွေက ၂၀၂၆ ခုနှစ်အစပိုင်းမှာလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားကို အငှားဖြင့်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ အဲ့ဒီအချိန်က လီဗာပူးနည်းပြအန်းစလော့ကိုယ်တိုင် လက်ကျန်ရာသီဝက်အတွက် ကစားသမားကို ဆက်လက်အသုံးပြုချင်သေးလို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ဒါပေမဲ့ အခုနည်းပြသစ်အီရာအိုလာရဲ့စီမံကိန်းမှာတော့ အသက် ၂၅ နှစ်အရွယ်ကာတစ်ဂျုံးစ်အတွက် ပွဲထွက်ခွင့်အာမခံချက် မသေချာတော့လို့ အင်တာမီလန်ကက ဘောလုံးရာသီမတိုင်ခင် သူ့ကို ဆက်လက်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အင်တာမီလန်က ဇွန်လအတွင်းမှာလည်း ယူရို ၂၅ သန်း (ပေါင် ၂၁ ဒဿမ ၇ သန်း) ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ ပေါင် ၃၅ သန်း (ယူရို သန်း ၄၀) နီးပါး အလိုရှိနေတဲ့ လီဗာပူးရဲ့ဆန္ဒနဲ့ မကိုက်ညီလို့ ငြင်းဆန်ခံခဲ့ရပါတယ်။
အခုဆိုရင် ကာတစ်ဂျုံးစ်က အန်ဖီးလ်မှာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ရောက်ရှိနေပါပြီ။ သူက လီဗာပူးမှာ စာချုပ်သစ်ချုပ်ဆိုဖို့ အလားအလာမရှိသလောက် ဖြစ်နေပေမဲ့ အသင်းဘက်ကတော့ သူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးပမာဏကို အလျှော့အတင်းလုပ်ပေးဖို့ ဆန္ဒမရှိသေးပါဘူး။
အီတာလျံသတင်းဌာန Calciomercato ရဲ့ဖော်ပြချက်အရ အင်တာမီလန်က သီတင်းပတ်အနည်းငယ်ကြာမြင့်ချိန်အထိ အခြေအနေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် လီဗာပူးအသင်းဆီ နောက်ထပ်တစ်ကြိမ် ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။
သူတို့ဘက်က ဇွန်လအတွင်း ကမ်းလှမ်းခဲ့တဲ့နှုန်းထားထက် ပိုတိုးမြှင့်သွားဖို့ မရှိနိုင်ပေမဲ့ ကစားသမားရဲ့အသင်းပြောင်းရွှေ့ချင်တဲ့ဆန္ဒကြောင့် လီဗာပူးအသင်းနဲ့ညှိနှိုင်းမှုမှာ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။