The network connection is lost.

Banner Image

မတည်မငြိမ်ဖြစ်နေတဲ့ဂိုးသမားဗီကာရီယိုအတွက် ရောင်းစျေးသတ်မှတ်လိုက်တဲ့ တော့တင်ဟမ်

ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဂိုးသမားဗီကာရီယိုကို တော့တင်ဟမ်အသင်းက ပေါင် ၁၇ သန်းဝန်းကျင်နဲ့တင် လက်လွှတ်သွားဖို့ ရှိနေပြီး သူ့ကို အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းက စိတ်ဝင်စားနေပါတယ်။

အသက် ၂၉ နှစ်အရွယ်ဂိုးသမားက အခုဘောလုံးရာသီမှာ တော့တင်ဟမ်အသင်းပရိသတ်တွေရဲ့အပြင်းအထန်ဝေဖန်မှုကို ခံစားနေပြီး လတ်တလောမှာ မြောက်လန်ဒန်ကလပ်အသင်းကိုယ်တိုင်လည်း ပရီးမီးယားလိဂ်မှတန်းမဆင်းရဖို့အတွက် ရုန်းကန်နေရပါတယ်။
အီတလီသတင်းဌာန Tuttosport ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်က ဗီကာရီယိုအတွက် ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်း သတ်မှတ်လိုက်ပြီး လာမယ့်နွေရာသီမှာ အသင်းမှ ဂိုးသမားထွက်ခွာတော့မယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းက ဗီကာရီယိုကိုခေါ်ယူဖို့အတွက် အလားအလာကောင်းနေပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့လည်း ကနဦးဆက်သွယ်မှုတွေ ပြုလုပ်ထားပြီးပြီလို့ သိရပါတယ်။

တော့တင်ဟမ်သာ ပရီးမီးယားလိဂ်မှတန်းဆင်းသွားရမယ်ဆိုရင် စီနီယာအသင်းအမာခံကစားသမားတွေကို မဖြစ်မနေရောင်းထုတ်သွားရပါလိမ့်မယ်။