လာလီဂါပြိုင်ပွဲဆီ မထင်မှတ်ဘဲ ပြန်လည်ရောက်ရှိလာနိုင်တဲ့ စပိန်နဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင် ဆာဂျီယိုရာမို့စ်
ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်က လာလီဂါပြိုင်ပွဲဆီ မထင်မှတ်ဘဲ ပြန်လည်ရောက်ရှိလာနိုင်မယ့် ကမ်းလှမ်းမှုတစ်ရပ်ကို ရရှိထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၀ နှစ်အရွယ်ကစားသမားက လာလီဂါချန်ပီယံဆု ငါးကြိမ်၊ ချန်ပီယံလိဂ်ချန်ပီယံဆု လေးကြိမ်နဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု တစ်ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားလို့ လာလီဂါနဲ့ စပိန်ဘောလုံးလောကရဲ့ အစစ်အမှန်ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။
ရာမို့စ်က ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း မက္ကဆီကိုကလပ်၊ မွန်တာရေးမှ ထွက်ခွာလာပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသလို ၂၀၂၄ ခုနှစ်နောက်ပိုင်း သူ့ရဲ့မွေးရပ်မြေ စပိန်နိုင်ငံမှာ ဘောလုံးပြန်ကစားနိုင်ခြင်း မရှိသေးပါဘူး။
စပိန်သတင်းဌာန Sport ရဲ့ဖော်ပြချက်အရ လာလီဂါကလပ်အသင်းဂီတာဖေးက ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးချိန် ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာသူလည်းဖြစ်၊ ရာမို့စ်ရဲ့အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ကာဗာဂျယ်လ်ကိုလည်း ဂီတာဖေးက အသင်းလူစာရင်းမှာ ခေါ်ယူအားဖြည့်ထားပါတယ်။