The network connection is lost.

Banner Image

ပီအက်စ်ဂျီဂန္တဝင်မာကိုဗာရက်တီကို အီတလီလက်ရွေးစင်အသင်းမှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိ

အီတလီအသင်းနည်းပြဂတ်တူဆိုက ပီအက်စ်ဂျီကွင်းလယ်လူဟောင်းမာကိုဗာရက်တီကို အသင်းဆီ ပြန်လည်ခေါ်ယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုအခါ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာရက်တီက ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပီအက်စ်ဂျီအမှ ကာတာပြည်တွင်းကလပ်အသင်းအယ်လ်အာရာဘီဆီ ပြောင်းရွှေ့သွားပြီးနောက်ပိုင်း လက်ရွေးစင်အသင်းနဲ့ဝေးကွာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ကာတာကလပ်အသင်းအယ်လ်ဒူဟေးလ်မှာ ကစားနေတဲ့ ဗာရက်တီက ဥရောပမှ ထွက်ခွာသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာပွဲစဉ်တွေဆီ ပြန်လာမယ့် အခြေအနေရှိနေပါတယ်။

သတင်းထောက်နီကိုလိုရှီရာရဲ့ဖော်ပြချက်အရ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမတိုင်ခင် ဗာရက်တီနဲ့ အီတလီလက်ရွေးစင်အသင်းအကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ သိရပါတယ်။

အီတလီအသင်းက လာမယ့်နွေရာသီမှာကျင်းပမယ့်ပြိုင်ပွဲဆီ ရောက်ရှိဖို့အတွက် မတ် ၂၆ ရက်မှာ မြောက်အိုင်ယာလန်အသင်းနဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ကစားသွားရပါမယ်။