The network connection is lost.

Banner Image

သူ့နာမည်ကိုသီချင်းလုပ်ဆိုပြီး အားပေးခဲ့တဲ့ ပရိသတ်တွေကို ‌ကျေးဇူးတင်ကြောင်းပြောကြားလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်က ပြီးခဲ့တဲ့ အပတ်က ပွဲစဉ်မှာ သူ့နာမည်ကို သီချင်းဆိုပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ပြန်လည် တုံ့ပြန်စကား ပြောကြားခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ထိပ်တန်းလိဂ် ၇ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ကာရစ်ရဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွမ်းအကောင်းဆုံး ဖြစ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တာကြောင့် ယူနိုက်တက်ဟာ အဆင့် ၄ အတွင်းမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက် ကြိုးပမ်းနေပါတယ်။ ဒါဟာ ရူဘင်အမော်ရင်ရဲ့ နေရာမှာ ကာရစ် အစားဝင်မလာခင်အထိ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့ကြတဲ့ ပန်းတိုင်တစ်ခုလည်း ဖြစ်ပါတယ်။

ပွဲပြီးခါနီးအချိန်မှာ ပရိသတ်တွေက သူတို့ရဲ့ စီနီယာခေါင်းဆောင်ဟောင်းအတွက် သီချင်းတွေဆိုပြီး ဂုဏ်ပြုခဲ့ကြသလို ယူနိုက်တက်နည်းပြအဖြစ် အရှုံးမရှိသေးတဲ့ ကာရစ်အပေါ် ကျေးဇူးတင်ကြောင်း ပြသခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ အသင်းရဲ့ ခြေစွမ်းတက်လာမှုနဲ့အတူ ရရှိလာတဲ့ အားပေးမှုတွေကြောင့် ကာရစ်က အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေခဲ့ပါတယ်။

“ဒါဟာ တကယ်ကို ကောင်းပါတယ်။ ဒီကွင်းက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိတာ သိသာပါတယ်။ အခုလို အပြုသဘောဆောင်တဲ့ အခြေအနေတွေ ရှိလာတာ၊ လူတိုင်း ပွဲလာကြည့်ရတာကို ပျော်နေကြတာတွေအပေါ်မှာ ကျွန်တော့်ဘက်က တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတာဟာ အမှန်အတိုင်း ပြောရရင် တကယ်ကို စိတ်ကျေနပ်စရာ ကောင်းပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။