The network connection is lost.

Banner Image

မက်ဂွါရီနဲ့ လုခ်ရှောတို့ရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ ကာရစ်

တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လုခ်ရှောနဲ့ မက်ဂွါရီတို့ဟာ ဒဏ်ရာရရှိခဲ့တာမျိုး မရှိဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က အတည်ပြုပြောကြားလိုက်ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် ရှောကို လူစားလဲခဲ့သလို၊ မက်ဂွါရီကိုလည်း ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွေမှာ လူစားလဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲအပြီးမှာတော့ အခုလို လူစားလဲခဲ့ရတာဟာ ဒဏ်ရာကြောင့်မဟုတ်ဘဲ နေမကောင်းဖြစ်တာကြောင့်သာ ဖြစ်တယ်လို့ ကာရစ်က ပြောပြခဲ့ပါတယ်။

"သူတို့နှစ်ယောက်လုံး နေလို့သိပ်မကောင်းလို့ပါ၊ ဒါကြောင့် မကြာခင်မှာ ပြန်ပြီး သက်သာလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာတော့ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။