The network connection is lost.

Banner Image

အာဆင်နယ်ဆီပြောင်းရွှေ့ဖို့ အလားအလာအလွန်ကောင်းနေတဲ့ ဘိုင်ယန်မြူးနစ်ဝါရင့်ကစားသမားဂေါ်ရေက်ဇ်ကာ

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ဆီ ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူဂေါ်ရက်ဇ်ကာ ပြောင်းရွှေ့ဖို့ အလားအလာအလွန်ကောင်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မြောက်ဖို့ရှိနေပြီးဘိုင်ယန်မြူးနစ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မယ်လို့ မကြာသေးခင်ကပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အာဆင်နယ်နဲ့ဂေါ်ရက်ဇ်ကာတို့ရဲ့အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်ဘက်ကလည်း သူတို့ရဲ့ကွင်းလယ်ပိုင်းအတွက် ဂိုရက်စကာရဲ့ အတွေ့အကြုံတွေကို ဖြည့်တင်းချင်နေပါတယ်။

သတင်းထောက်ခရစ္စတီယန်ဖော့ခ်ရဲ့အဆိုအရ အမ်းမရိတ်ကွင်းဆီ ဂေါ်ရက်ဇ်ကာပြောင်းရွှေ့လာဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။

ဂန်းနားတွေရဲ့မြောက်လန်ဒန်ပြိုင်ဘက်တော့တင်ဟမ်ကလည်း ဂေါ်ရက်ဇ်ကာကို စိတ်ဝင်စားမှု ပြသခဲ့ပေမဲ့ ဂျာမနီလက်ရွေးစင်ကစားသမားမှာ တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ဆန္ဒ လုံးဝမရှိဘူးလို့ သိရပါတယ်။