The network connection is lost.

Banner Image

ဆန်းဒါးလန်းနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုလိုက်တဲ့ ဒန်ဘဲလ်လတ်

ဒန်ဘဲလ်တ်က ဆန်းဒါးလန်းအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။

ဒီနောက်ခံလူက ၂၀၂၉ ခုနှစ်၊ နွေရာသီအထိ အသင်းမှာဆက်ရှိနေဖို့ သဘောတူညီခဲ့ပြီး အသင်းဘက်ကလည်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ရရှိသွားပါတယ်။

ဒန်ဘဲလ်လတ်က "စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။ စာချုပ်ကိစ္စ စတင်ဆွေးနွေးကတည်းက ဆုံးဖြတ်ရတာ လွယ်ကူခဲ့ပြီး အသင်းမှာ ဆက်နေခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်" လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ရာသီမှာ တန်းတက်နိုင်ခဲ့မှုက အံ့ဩစရာကောင်းခဲ့သလို အသင်းရဲ့သမိုင်းဝင်အခိုက်အတန့်တွေမှာ ပါဝင်ခွင့်ရခဲ့တာကိုလည်း ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဒီရာသီမှာတော့ အသင်းမှာ ပုံမှန်ပါဝင်ခွင့်ရဖို့၊ နေ့တိုင်းကြိုးစားယှဉ်ပြိုင်ဖို့နဲ့ အသင်းအတွက် အကျိုးပြုနိုင်ဖို့ပဲ ရည်မှန်းထားပါတယ်။ နောက်နောင်တွေမှာလည်း ကျွန်တော် ဒီထက်ပိုပြီး တိုးတက်လာဖို့နဲ့ အသင်းကို နှစ်ပေါင်းများစွာရှေ့ဆက်သွားနိုင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့လည်း ဆိုပါတယ်။

ဆန်းဒါးလန်းအသင်းရဲ့ဘောလုံးဆိုင်ရာအကြီးအကဲ ဖလော်ရင့်ဂီဆိုဖီကလည်း "ဒန်ဘဲလ်လတ်ဆိုတာ ဆန်းဒါးလန်းအသင်းရဲ့ အစဉ်အလာနဲ့ အနာဂတ် နှစ်ခုလုံးကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ သူ့မှာ ကျွမ်းကျင်မှု၊ ခြေစွမ်းတည်ငြိမ်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ အသင်းရဲ့ ပုံရိပ်ကို အကောင်းဆုံး ဖော်ဆောင်နိုင်ပေးနိုင်မယ့် အရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"သူဟာ ပရီးမီးယားလိဂ်အဆင့်အတန်းမီနောက်ခံလူတစ်ဦးအဖြစ် တိုးတက်လာခဲ့သလို အသင်းရဲ့ အဝတ်လဲခန်းထဲမှာလည်း ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအပေါ် သူက ယုံကြည်မှုရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဆန်းဒါးလန်းအသင်းအပေါ် သူ့ရဲ့သစ္စာရှိမှုက ကျွန်တော်တို့ ဘယ်သူလဲ၊ ဘာတွေကို တည်ဆောက်ချင်တာလဲဆိုတာကို ပြသနေတဲ့ ခိုင်မာတဲ့ သတင်းစကားတစ်ခုပါပဲ" လို့ ဆိုပါတယ်။