The network connection is lost.

Banner Image

မိုယက်စ်က ဝက်စ်ဟမ်းရဲ့ ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်း သက်သေပြနေတယ်လို့ ရွန်းနီ ဆို

အဲဗာတန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီကတော့ ဒေးဗစ်မိုယက်စ်ဟာ အရင်တစ်ခေါက် အဲဗာတန်အသင်းကို တာဝန်ယူခဲ့စဉ်ကထက်စာရင် အခုအချိန်မှာ သိသိသာသာ ပိုပြီး တိုးတက်လာတယ်လို့ ပြောလိုက်ပါတယ်။

ရွန်းနီဟာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ခင်တုန်းက မိုယက်စ်ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

No Tippy Tappy ဆိုတဲ့ ပေါ့တ်ကတ်စ်မှာ ရွန်းနီက အခုလို ပြောပြခဲ့တာပါ။ "သူ တိုးတက်လာပါတယ်။ မိုယက်စ်ဆီကနေ မျှော်လင့်ထားတဲ့အတိုင်း သူ လုပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော် မြင်တာကတော့ အခုခေတ် ဘောလုံးလောကမှာ အရာရာကို အရမ်းတွေ ရှုပ်ထွေးအောင် လုပ်နေကြတယ်လို့ ထင်ပါတယ်။

ကျွန်တော် ယူဆတာကတော့ မိုယက်စ်ဟာ အသင်းထဲရောက်လာတဲ့အခါ အရာရာကို ရှုပ်ထွေးအောင် မလုပ်ဘဲ ကစားသမားတွေအတွက် လမ်းညွှန်ချက်တွေကို ရိုးရိုးရှင်းရှင်းပဲ ထားရှိပေးခဲ့တာပါ။ ဝက်စ်ဟမ်းမှာ သူ ဘယ်လိုတွေ ကြုံခဲ့ရလဲဆိုတာကို လူတွေ သိပ်မပြောကြဘူး။ အဲဒီတုန်းက သူ့အပေါ် လုပ်ခဲ့တာတွေက တကယ့်ကို ဆိုးဝါးလွန်းတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။