The network connection is lost.

Banner Image

ကွင်းတွင်းဆင်ဆာဖြတ်တောက်မှုတွေ ပြုလုပ်နေတယ်လို့ အသင်းပိုင်ရှင်တွေကို စွပ်စွဲလိုက်တဲ့ စထရာဘော့ပရိသတ်များ

စထရာဘော့ပရိသတ်တွေက အသင်းပိုင်ရှင် BlueCo ကုမ္ပဏီကို ဆင်ဆာဖြတ်တောက်မှုတွေ ပြုလုပ်နေသူအဖြစ် စွပ်စွဲလိုက်ပါတယ်။ အသင်းကို BlueCo လွှဲပြောင်းရယူခဲ့ပြီးနောက် စထရာဘော့ပရိသတ်တွေက သူတို့အသင်းကို ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ ချဲလ်ဆီးအတွက် ကစားသမားမွေးထုတ်ပေးရုံသက်သက် အရန်အသင်း(Feeder Team)တစ်ခုလို သဘောထားနေတယ်လို့ စွပ်စွဲပြီး မကျေမနပ်ဖြစ်နေခဲ့ကြတာ ကြာပါပြီ။

အခုဆိုရင် စထရာဘော့ပရိသတ်တွေကိုယ်တိုင် ချဲလ်ဆီးကိုဝေဖန်ထားတဲ့ စာသားတွေ၊ ဒါမှမဟုတ် ချဲလ်ဆီးဆိုတဲ့နာမည်ပါတဲ့ ပိုစတာတွေကို အိမ်ကွင်းဆီယူဆောင်လာခွင့် ပိတ်ပင်ခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ လိုင်ယွန်နဲ့ရင်ဆိုင်ရတဲ့ လီဂူးဝမ်းအိမ်ကွင်းပွဲစဉ်မတိုင်ခင် ပရိသတ်တွေက "စထရာဘော့မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ချဲလ်ဆီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး" လို့ ရေးသားထားတဲ့ နဖူးစည်းစာတန်းကို ကိုင်ဆောင်ပြီး ကွင်းထဲဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ တားဆီးခံခဲ့ရပါတယ်။ ဘယ်လိုနဖူးစည်းစာတန်းမှာမဆို 'ချဲလ်ဆီး'ဆိုတဲ့စကားလုံး အသုံးပြုခွင့်မရှိဘူးဆိုတာကို ကွင်းလုံခြုံရေးတွေက ပရိသတ်တွေဆီ ပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ စထရာဘော့အသင်းက ၁၃ ပွဲဆက်နိုင်ပွဲဖော်ဆောင်ထားတဲ့ လိုင်ယွန်အသင်းကို အနိုင်ယူခဲ့ပါတယ်။