The network connection is lost.

Banner Image

စထရာဘော့နဲ့ လေ့ကျင့်ခန်းဆင်းနေရတဲ့ ချဲလ်ဆီးရဲ့ အမေ့ခံဂိုးသမား စလိုနီနာ

ချဲလ်ဆီးအသင်းရဲ့ အမေ့ခံဂိုးသမား ဂါဘရီရယ်လ် စလိုနီနာဟာ BlueCo ကုမ္ပဏီကပဲ ပိုင်ဆိုင်တဲ့ စထရာဘော့အသင်းဆီ ပြောင်းရွှေ့ဖို့ အလားအလာရှိနေပြီး အဲဒီအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂိုးသမားဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားကနေ ချယ်လ်ဆီးဆီ အလားအလာကောင်းတဲ့ လူငယ်ဂိုးသမားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ အခုအချိန်ထိတော့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးအတွက် တစ်ပွဲမှ ကစားပေးခွင့် မရသေးပါဘူး။

စလိုနီနာဟာ ဘယ်လ်ဂျီယံကလပ် ယူပင်အသင်းနဲ့ အင်္ဂလန်လိဂ်ဝမ်းကလပ် ဘန်စလေအသင်းတို့ဆီ အငှားသွားရောက်ကစားခဲ့ရပြီး ဘန်စလေမှာ ၁၄ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ L’Equipe ရဲ့ ဖော်ပြချက်အရ အဆိုပါ အမေရိကန်ဂိုးသမားဟာ BlueCo ရဲ့ ညီအစ်မကလပ်ဖြစ်တဲ့ စထရာဘိုးအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အငှားနဲ့ လာရောက်ကစားခဲ့တဲ့ မိုက်ပန်ဒါးစ်ဟာ ချယ်လ်ဆီးအသင်းဆီ ပြန်သွားခဲ့ပြီဖြစ်တာကြောင့် စထရာဘိုးအသင်းဟာ ဂိုးသမားအသစ်တစ်ဦးကို အသည်းအသန် ရှာဖွေနေတာပါ။

နည်းပြသစ် ဟူဂို အိုလီဗီရာအနေနဲ့ ၂၀၂၆-၂၇ ရာသီ မစတင်ခင်မှာ စလိုနီနာဟာ သူ့ရဲ့အသင်းအတွက် နည်းဗျူဟာပိုင်းအရ ကိုက်ညီမှု ရှိ၊ မရှိကို အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။

အကယ်၍ ဒီအပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘူးဆိုရင်တောင် စလိုနီနာဟာ ဒီနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ များနေပါတယ်။