ဂျွန်စတုန်းစ် ပြန်ကစားနိုင်လို့ ဝမ်းသာမိကြောင်းပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက မနေ့ကဘရိုက်တန်ပွဲစဉ်မှာ ဂျွန်စတုန်းစ် ပြန်လည်ကစားနိုင်ခဲ့တဲ့အပေါ် ကျေနပ်အားရနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကွင်းအတွင်း မမြင်တွေ့ခဲ့ရတဲ့ ဂျွန်စတုန်းစ်ဟာ ဘရိုက်တန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး မိနစ် ၆၀ ကြာ ကစားပေးသွားခဲ့တာပါ။
"သူ ပြန်လာနိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ သူ အချိန်ယူဖို့တော့ လိုပါသေးတယ်" လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ပြောပါတယ်။
"သူက ကျွန်တော်တို့ သိထားတဲ့ ဂျွန်စတုန်းစ်မျိုး အပြည့်အဝ ဖြစ်မလာသေးပေမဲ့ ဒါက သဘာဝပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားပုံတွေက တကယ်ကို ကောင်းမွန်သလို တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေမှာလည်း အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် နှစ်လကျော်ကြာ အနားယူခဲ့ရပြီးနောက်မှာ သူ မိနစ် ၆၀ အထိ ကစားနိုင်ခဲ့တာပါ" လို့လည်း ဆိုခဲ့ပါတယ်။