The network connection is lost.

Banner Image

ဆဲလ်ဖို့ဒ်ကို အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ်က ပျင်းစရာကောင်းခဲ့တယ်လို့ ဂွာဒီယိုလာဝန်ခံ

မန်စီးတီးအသင်းက အီတီဟတ်ကွင်းမှာ ဆဲလ်ဖို့ဒ်စီးတီးကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ နည်းပြပက်ဂွာဒီယိုလာကတော့ အသင်းရဲ့ ခြေစွမ်းအပေါ် အားရကျေနပ်မှု မရှိခဲ့ပါဘူး။


ပွဲအစောပိုင်းမှာပဲ အယ်လ်ဖီဒေါ်ရင်တန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် စီးတီးတို့ ဦးဆောင်ခွင့် ရခဲ့သလို ပွဲပြီးခါနီးမှာ မာ့ခ်ဂူဟီက အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပြီး အနိုင်သေချာစေခဲ့ပါတယ်။ 
ဒါပေမဲ့ ဂွာဒီယိုလာကတော့ ဒီပွဲကိုပျင်းစရာကောင်းတယ်လို့ တင်စားပြောဆိုခဲ့ပါတယ်။


ဂွါဒီယိုလာက"ကျွန်တော်တို့ ဘယ်နေရာတွေကနေ တိုက်စစ်ဆင်ရမလဲဆိုတဲ့ နေရာလွတ်တွေကို ကောင်းကောင်း မဖတ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ပွဲက ပျင်းစရာကောင်းနေတာပါ။ တစ်ခုတည်းသော ကောင်းကွက်ကတော့ ကျွန်တော်တို့ နောက်တစ်ဆင့် တက်သွားတာပါပဲ" လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ ဂွါဒီယိုလာက လူအလှည့်အပြောင်းလုပ်ဖို့ အခွင့်အရေးကို အသုံးချပြီး ပွဲထွက်လူစာရင်းကို ၉ ဦးအထိ ပြောင်းလဲခဲ့ပါတယ်။ 


ခြေစွမ်းမကောင်းတာကို ပင်ပန်းနွမ်းနယ်မှုကြောင့်လို့ အကြောင်းပြချက်မပေးခဲ့ဘဲ အသင်းသားတွေအနေနဲ့ ကွင်းထဲမှာ ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့တာသာ ဖြစ်တယ်လို့ ဂွါဒီယိုလာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။


မန်စီးတီးအတွက် သတင်းကောင်းတစ်ခုကတော့ ပေါင်ခြံဒဏ်ရာကြောင့် နှစ်လကျော်ကြာ အနားယူခဲ့ရတဲ့ ဂျွန်စတုန်း ပြန်လည်ပါဝင်လာတာဖြစ်ပြီး ဒီပွဲမှာ ၆၅ မိနစ်အထိ ကစားပေးသွားခဲ့ပါတယ်။


မန်စီးတီးအသင်းကဟာ အခု ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းအတွက် ဆက်လက်အာရုံစိုက်သွားမှာဖြစ်ပြီး ဆဲလ်ဖို့ဒ်အသင်းကတော့ လိဂ်တူး သို့ တက်လှမ်းနိုင်ရေး ရည်မှန်းချက်ဆီ ပြန်လည် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။