The network connection is lost.

Banner Image

ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်မှုအပေါ် အမြင်နှစ်မျိုးနဲ့ တုံ့ပြန်လိုက်တဲ့ တော့တင်ဟမ်ဂန္တဝင်ဂလင်းဟော်ဒယ်

တော့တင်ဟမ်ဂန္ထဝင်ဂလင်းဟော်ဒယ်က အင်္ဂါနေ့မှာ ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်းအပေါ် ဝေဖန်မှုနဲ့ ချီးကျူးမှု ရောပြွမ်းနေတဲ့ သဘောထားမျိုး ပြသခဲ့ပါတယ်။

ဒီအီတာလျံလူမျိုးနည်းပြက ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း မာဆေးလ်မှ ထွက်ခွာလာခဲ့ပြီးနောက် အခုတစ်ခါ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခြင်း  ဖြစ်ပါတယ်။

ဒီဇာဘီဟာ ဘရိုက်တန်အသင်းမှာရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် မာဆေးလ်အသင်းမှာ တာဝန်ယူခွင့် ရရှိခဲ့ပါတယ်။

ဂလင်းဟော်ဒယ်က "နောက်ထပ် နိုင်ငံခြားသားနည်းပြတစ်ဦးပေါ့၊ ဒါပေမဲ့ အနည်းဆုံးတော့ သူက ပရီးမီးယားလိဂ်အကြောင်း ကောင်းကောင်းသိထားတာပဲ။

ငါးနှစ်သက်တမ်းစာချုပ်ဆိုတာကတော့ နည်းနည်းတော့ စဉ်းစားစရာပဲဗျ။ သူ ဘယ်ကလပ်မှာမှ ၁၈ လထက် ပိုမနေခဲ့ဖူးဘူးထင်တယ်၊ ဒါပေမဲ့ တော့တင်ဟမ်ကတော့ သူ့ကို ရေရှည်စီမံကိန်းအနေနဲ့ ခေါ်ယူဖို့ ကြိုးစားနေပုံရပါတယ်။ ဒါကို ကျွန်တော် သိပ်ပြီး စိတ်မပူပါဘူး၊ လောလောဆယ်မှာတော့ ရမှတ်တွေရရှိဖို့က ပိုအရေးကြီးပါတယ်။ အသင်းသားတွေအကြား စည်းလုံးညီညွတ်ဖို့က အဓိကပဲ။

သူ့ရဲ့စရိုက်ကို အစပိုင်းမှာ နည်းနည်းပြောင်းလဲဖို့ လိုကောင်းလိုပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အသင်းကစားသမားတချို့ကို သူက ကြင်ကြင်နာနာနဲ့ အားပေးကူညီဖေးမဖို့ လိုအပ်မယ်လို့ ကျွန်တော်ယူဆထားလို့ပါ။

အသင်းနဲ့ ဒီဇာဘီ အမြန်ဆုံးအသားကျပြီး ရလဒ်ကောင်းတွေ ရလာဖို့ပဲ မျှော်လင့်ပါတယ်။ ဘယ်လိုပုံစံနဲ့ ကစားမလဲဆိုတာကို ကျွန်တော် သိပ်ဂရုမစိုက်ပါဘူး၊ ဒါက ရာသီကြိုနဲ့ နောက်ရာသီကျမှ စဉ်းစားရမယ့်ကိစ္စပါ၊ အခုအချိန်မှာ အရေးကြီးဆုံးက ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ပါပဲ။

အသင်းက ပိုကျစ်လျစ်ဖို့လိုသလို တောင့်တင်းဖို့လည်း လိုတယ်၊ ပြိုင်ဘက်တွေ ရင်ဆိုင်ရခက်တဲ့ အသင်းမျိုး ဖြစ်ဖို့လိုပါတယ်။ သူတို့က ဂိုးပေးရတာ အရမ်းလွယ်လွန်းနေတယ်။ သူက တိုက်စစ်ဖွင့်ကစားတတ်တယ်ဆိုတော့ အခုအခြေအနေမှာ သူကျင့်သားရနေတဲ့နည်းစနစ်နဲ့မတူတဲ့ပုံစံမျိုးကို သုံးဖို့ လိုကောင်းလိုပါလိမ့်မယ်။ သူက အဲဒီလိုမျိုးပြောင်းလဲနိုင်တဲ့ နည်းပြမျိုး ဟုတ်မဟုတ် စောင့်ကြည့်ရဖို့ရှိပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်တော်တို့အားလုံး သူ့ကို ဝိုင်းဝန်းအားပေးဖို့ပါပဲ" လို့ ဆိုပါတယ်။