The network connection is lost.

Banner Image

ဂျူဗင်တပ်စ်လူငယ်ကြယ်ပွင့်တီယိုဇီကို အနီးကပ်စောင့်ကြည့်နေတဲ့ လေဗာကူဆင်

ဂျူဗင်တပ်စ်အသင်းက သူတို့ရဲ့ဆယ်ကျော်သက်လူငယ်ကြယ်ပွင့်မာကိုတီယိုဇီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ရုန်းကန်ရမယ့်အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။

TMW ရဲ့ ဖော်ပြချက်အရ ဂျာမန်ကလပ်လေဗာကူဆင်က အသက် ၁၇ နှစ်အရွယ်ကွင်းလယ်ကစားသမားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ တီယိုဇီက စီးရီးစီ (Serie C) ပြိုင်ပွဲမှာ ပုံမှန်ကစားခဲ့ဖူးတဲ့ မာကိုတီယိုဇီရဲ့သားလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်လူငယ်အသင်းမှာ ကစားပေးနေပြီး အရန်အသင်းဆီတော့ မရောက်ရှိသေးပါဘူး။ ဒီရာသီမှာ သူက Primavera 1 ချန်ပီယံရှစ်ပွဲစဉ် ၁၅ ပွဲအထိ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

တီယိုဇီကို ဂျူဗင်တပ်စ်အသင်းက ၂၀၂၂ ခုနှစ်မှာ ပါဒိုဗာအသင်းမှ ခေါ်ယူခဲ့ပြီး ဒီရာသီအတွင်း တိုးတက်လာတဲ့ ကစားသမားရဲ့ခြေစွမ်းပိုင်းကြောင့် လေဗာကူဆင်အသင်းကင်းထောက်တွေရဲ့အာရုံစိုက်မှုကို ရရှိနေပါတယ်။