The network connection is lost.

Banner Image

ဂိုးပြတ်နိုင်ပွဲနောက်ကွယ်က မော်ရင်ဟိုရဲ့ ပထမပိုင်းအပြီး ညွှန်ကြားချက်တွေကို ထုတ်ဖော်ပြောကြားလာတဲ့ ဗယ်ဗာဒီ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဖက်ဒရီကိုဗယ်ဗာဒီက ဘာနေဗျူးကွင်းမှာ ဆိုစီဒက်ကို ၄-၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း နည်းပြ ဟိုဆေ းမော်ရင်ဟိုရဲ့ ပထမပိုင်းအပြီး နည်းဗျူဟာအပြောင်းအလဲတွေက ရလဒ်အပေါ် ဘယ်လို ကူညီပေးခဲ့လဲဆိုတာ  ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ပဲွအစောပိုင်းမှာ ဦးဆောင်ဂိုးရခဲ့ပေမဲ့ ပထမပိုင်းမပြီးခင်မှာပဲ ဆိုစီဒက် ကို ချေပဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။ 

ပထမပိုင်းအပြီးမှာ မော်ရင်ဟိုက ကစားသမားတွေကို ပြိုင်ဘက် ဧရိယာထဲအထိ ပို ဖိအားပေးဖို့နဲ့ ကွင်းလယ်စက်ဝိုင်းကျော်တဲ့အထိတက်ပြီး ဖျက်ထုတ်ဖို့ နည်းဗျူဟာပိုင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအပြောင်းအလဲတွေက အလုပ်ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က အမ်ဘာပေရဲ့ဟက်ထရစ်နဲ့အတူ လာလီဂါမှာ နှစ်ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဗလ်ဗာဒီက“အာရုံစူးစိုက်မှုအပြည့်ရှိပြီး စိတ်အားထက်သန်စွာ ကစားနေတဲ့ အသင်းတစ်သင်းကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့ကြပေမဲ့ ဦးဆောင်ဂိုးရပြီးတဲ့နောက် စိတ်ရှည်မှု အနည်းငယ် လိုအပ်ခဲ့တာကြောင့် ပြိုင်ဘက်ကို ချေပဂိုး ရသွားစေခဲ့ပါတယ်။

ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံးပြန်လုရတာ ခက်ခဲနေခဲ့လို့ ဖိအားပေးကစားဖို့အကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ တချို့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့က တစ်ယောက်လျော့နဲ့ ကစားနေရသလို ဖြစ်နေခဲ့လို့ပါ။ အဲဒါကို ပြုပြင်ခဲ့တဲ့အတွက် ပိုပြီး သက်သောင့်သက်သာ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းအပြီး နည်းပြနဲ့ စကားပြောခဲ့ရတာက ကျွန်တော်တို့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့တာကြောင့် ဒုတိယပိုင်းမှာ တကယ်ကောင်းတဲ့စွမ်းဆောင်ရည် ထွက်ပေါ်လာခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။