The network connection is lost.

Banner Image

အီတီဟတ်မှာ ချဲလ်ဆီးကို အမှတ်ခွဲဝေပေးလိုက်ရတဲ့ မန်စီးတီး

မန်စီးတီး ၁-၁ ချဲလ်ဆီး (ပွဲပြီးရလဒ်)

အခုအီတီဟတ်ကွင်းပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေမှာ အိမ်ရှင်မန်စီးတီးက ဧည့်သည်ချဲလ်ဆီးကို အပြတ်အသတ်အသာစီးရယူ ဖိအားပေးကစားခဲ့ပြီး ရိန်ဒါစ်ရဲ့သွင်းဂိုးနဲ့အတူ ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ချေပဂိုးလိုအပ်နေတဲ့ချဲလ်ဆီးတို့ အပြောင်းအလဲတွေပြုလုပ်ပြီး တိုက်စစ်ဖွင့်ကစားလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ချဲလ်ဆီးက နာကျင်အချိန်ပိုမှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့သွင်းဂိုးနဲ့အတူ အဝေးကွင်းအဖိုးတန်သရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းက အမှတ်ပေးချန်ပီယံဆုပြေးလမ်းမှာ ဦးဆောင်သူအာဆင်နယ်နဲ့ ခြောက်မှတ်အထိ ကွာဟသွားခဲ့ပါတယ်။