ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူပြီး နိုင်ပွဲဆက်စံချိန်ကောင်းကို ဆက်ထိန်းသွားတဲ့ အက်စတွန်ဗီလာ
ချဲလ်ဆီး ၁ - ၂ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းအတွင်းရရှိခဲ့တဲ့အခွင့်အရေးတွေကို အပြည့်အ၀အသုံးမချနိုင်ဘဲ ပြတ်သားတဲ့ရလဒ်တစ်ခု မယူနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ အက်စတွန်ဗီလာရဲ့comebackခြင်းခံရပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲကြုံခဲ့ပါတယ်။
အက်စတွန်ဗီလာကတော့ နည်းပြ အူနိုင်းအမ်မရီရဲ့ဒုတိယပိုင်းအတွင်း လူစားလဲမှန်ကန်မှုတွေနဲ့အတူ comebackပြန်လာနိုင်ခဲ့ပြီး ၁၁ပွဲဆက်နိုင်ပွဲစံချိန်ကို ရရှိသွားခဲ့ပါတယ်။
ချဲလ်ဆီးက အဆုံးသတ်အားနည်းမှုတွေ၊ ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် ပေးဆပ်မှုကြီးမားခဲ့ပြီး လီဗာပူးရဲ့ကျော်တက်ခြင်းကိုခံခဲ့ရပါတယ်။