The network connection is lost.

Banner Image

ဘာနာဒိုဆေးလ်ဗားကိုမခေါ်ယူဖို့ ဘာစီလိုနာ ဆုံးဖြတ်

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးဗားလ်ကို ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ ဘာစီလိုနာအသင်းကတော့ လက်လွှတ်ဖို့ (မခေါ်ယူဖို့) ဆုံးဖြတ်လိုက်ပါတယ်။

လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘာနာဒိုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘာစီလိုနာအသင်းထံ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။

ဘာနာဒိုကိုယ်တိုင်က ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတယ်လို့ Mundo Deportivo သတင်းစာက ဖော်ပြထားပေမဲ့ ဘာစီလိုနာဘက်ကတော့ ပြန်လည်စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။

အရင်နှစ်တွေတုန်းက ဘာစီလိုနာဟာ ဘာနာဒိုကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။

ဘာနာဒိုအတွက် ဘာစီလိုနာမှာ ကစားရမယ့် "အချိန်တွေ ကုန်လွန်သွားပြီ" လို့ အသင်းဘက်က ယူဆနေသလို၊ သူ့ရဲ့နေရာမှာ အစားထိုးကစားဖို့ ပိုကောင်းတဲ့ ရွေးချယ်စရာတွေ အသင်းမှာ ရှိနေပြီလို့လည်း ယုံကြည်နေပါတယ်။

ဒါကြောင့် ဘာနာဒိုကို ခေါ်ယူမယ့်အစား တိုက်စစ်မှူးတစ်ဦးနဲ့ ဘယ်ခြေသုံး ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ကိုပဲ အဓိက အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။