The network connection is lost.

Banner Image

ဘာနေဗျူးမှာ အဖိုးတန်နိုင်ပွဲရရှိခဲ့တဲ့ မန်စီးတီး

ရီးရဲလ်မက်ဒရစ် ၁-၂ မန်စီးတီး (ပွဲပြီးရလဒ်)

ဥရောပထိပ်တန်းကလပ်အသင်းကြီးနှစ်ခုရဲ့ စပိန်မြေစီးချင်းထိုးမှုက နည်းဗျူဟာပိုင်းအားပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ရီးရဲလ်မက်ဒရစ်တိုက်စစ်ပိုင်းမှာ ပွဲထွက်လာတဲ့ ရိုဒရီဂိုက သွင်းယူပေးခဲ့ပြီး မန်စီးတီးအတွက် ချေပဂိုးနဲ့အဖိုးတန်အနိုင်ဂိုးကိုတော့ အိုရွိုင်းလေနဲ့ ဟာလန်း(ပင်နယ်တီ)တို့က ပထမပိုင်းပွဲချိန်မပြီးဆုံးမီ သွင်းယူခဲ့ကြပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ရှိခဲ့ပေမယ့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရဘဲ ဧည့်သည်တို့ အဖိုးတန်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။