The network connection is lost.

Banner Image

အိုလံပီယာကို့စ်ကို နှစ်ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်နှစ်ပွဲဆက် နိုင်ပွဲရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၂ - ၀ အိုလံပီယာကို့စ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်မှာ ခြေစွမ်းအသာစီးနဲ့ ကစားသွားခဲ့ပြီး ရလဒ်ကောင်းရဖို့ စိတ်ကြိုက်ကစားသွားခဲ့ပါတယ်။
ဆံပင်ကေပြောင်းထားတဲ့ အိုဒီဂတ်ကလည်း ဒီညပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီး အခွင့်အရေးဖန်တီးမှု အများအပြား ပြုလုပ်ပေးခဲ့ပေမဲ့ ယောကရက်စ်နဲ့ ထရိုဆက်တို့ ဖြုန်းတီးပစ်ခဲ့ပြီး အချိန်ပိုရောက်မှ ဆာကာက ဒုတိယဂိုးထပ်သွင်းနိုင်ခဲ့ပါတယ်။
အိုလံပီယာကို့စ်ကတော့ တစ်ပွဲလုံး တန်ပြန်တိုက်စစ်နဲ့သာ ကစားသွားခဲ့ရပြီး အခွင့်အရေးရရှိခဲ့မှု နည်းပါးခဲ့တာကြောင့် အဝေးကွင်းမှာ နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။