
တူရကီမြေမှာ အရှုံးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသခဲ့တဲ့ လီဗာပူး
ဂါလာတာစာရေး ၁-၀ လီဗာပူး (ပွဲပြီးရလဒ်)
တူရကီမြေမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ပရီမီးယားလိဂ်ချန်ပီယံလီဗာပူးရဲ့ခြေစွမ်းပိုင်းက ဘက်ပေါင်းစုံယိုယွင်းအားနည်းခဲ့ကာ ထိုက်တန်တဲ့အရှုံးရလဒ်နဲ့အတူ ပြိုင်ပွဲစုံနှစ်ပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်း အိုဆီမန်က ပယ်နယ်တီမှတဆင့် သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင်တွေအတွက် အခွင့်အရေးကောင်းတွေရရှိခဲ့ပေမဲ့ လီဗာပူးဂိုးသမားအလီဆင်လက်စွမ်းပြကာကွယ်ခဲ့လို့ နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အန်းစလော့ရဲ့အသင်းအတွက်တော့ ပွဲကျပ်တွေစောင့်ကြိုနေချိန်မှာ ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းပါ ကျဆင်းနေလို့ ဖိအားတွေ များပြားလာပါပြီ။