ဂါလာတာစာရေးတိုက်စစ်မှူးအီကာဒီကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့အစီအစဉ် ပျက်ပြယ်သွား
ဂါလာတာစာရေးတိုက်စစ်မှူးအီကာဒီကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့အစီအစဉ်က လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လုံးဝပျက်ပြယ်သွားခဲ့ပါတယ်။
Il Corriere dello Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်က အီကာဒီကို ခြောက်လသက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ပြီး ရာသီကုန်၊ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဝင်ရင် နောက်ထပ်တစ်ရာသီ ထပ်မံခေါ်ယူမယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
ဂါလာတာစာရေးကလည်း အခုအပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့အဆင်သင့်ရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၁၅ သန်းအပြင် အီကာဒီရဲ့ ကျန်ရှိလုပ်ခလစာခြောက်လစာကိုပါ ဂျူဗင်တပ်စ်မှအပြည့်အ၀ပေးချေဖို့ တောင်းဆိုခဲ့ပါတယ်။
ကစားသမားရော၊ ဂျူဗင်တပ်စ်ပါ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဆန္ဒပြင်းပြခဲ့ပေမယ့် အပြောင်းအရွှေ့စျေးကွက်မပိတ်ဆုံးခင်အထိ သဘောတူညီမှုတစုံတရာမရှာဖွေနိုင်လို့ အကောင်အထည်မပေါ်လာခဲ့ပါဘူး။
အပြောင်းအရွှေ့အတွက် စည်းကမ်းချက်တွေကို လျှော့ပေါ့ညှိနှိုင်းပေးဖို့ ဂါလာတာစာရေးငြင်းဆန်ခဲ့မှုနဲ့အတူ ဂျူဗင်တပ်စ်တို့ အကြီးအကျယ်စိတ်ပျက်သွားခဲ့တယ်လို့ သိရပါတယ်။