
ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ပွဲနဲ့စတင်ဖွင့်လှစ်နိုင်ခဲ့တဲ့ မန်စီးတီး
၀ုဗ် ၀ - ၄ မန်စီးတီး (ပွဲပြီးရလဒ်)
မန်စီးတီးအသင်းဟာ ယနေ့ညပွဲစဉ်အတွင်း ကစားသမားတွေအားလုံး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
၀ုဗ်ကတော့ မန်စီးတီးကို ခြေစွမ်းပိုင်းအရ လုံး၀ ယှဉ်ကစားနိုင်ခြင်းမရှိဘဲ အိမ်ကွင်းမှာ ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။
မန်စီးတီးဟာ ယခုနိုင်ပွဲကြောင့် စနေညပွဲတွေအပြီး ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။