The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ် Comeback နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲတက်သွားတဲ့ ယူနိုက်တက်

ယူနိုက်တက် ၄-၁ ဘီလ်ဘာအို (ပွဲပြီးရလဒ်)

ပထမပိုင်းပွဲချိန်အပြီး ဂျူရီဂွီဇာရဲ့သွင်းဂိုးနဲ့ ဧည့်သည်ဘီလ်ဘာအိုတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းစတင်လာချိန်မှာတော့ တစ်ဦးချင်းအမှားတွေကျူးလွန်မှုနဲ့အတူ ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံတွေ့သွားခဲ့ပါတယ်။ တဖက်မှာလည်း ယူနိုက်တက်နည်းပြအာမိုရင်ရဲ့ချိန်သားကိုက်လူစားလဲလှယ်မှုတွေက သရဲနီတွေအတွက် အဖိုးတန်နိုင်ပွဲရရှိစေဖို့ ဦးတည်လာခဲ့ပြီး အိမ်ရှင်တွေအတွက် မေဆန်မောင့်(၂ ဂိုး)၊ ကတ်စ်မဲရိုးနဲ့ ဟွိုက်စ်လန်းတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘီလ်ဘာအိုကို အိမ်ကွင်းအဝေးကွင်းနှစ်ကျော့လုံးအနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ကစားသွားရပါမယ်။

အခြားပွဲစဉ်ရလဒ်
----------------
ဘိုဒိုဂလင့် ဝ-၂ တော့တင်ဟမ် (နှစ်ကျော့ပေါင်းရလဒ် ၁-၅ ဂိုးဖြင့် တော့တင်ဟမ် ဗိုလ်လုပွဲတက်)