
Comeback နှစ်ကြိမ်နဲ့အတူ အီတီဟတ်မှာ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
မန်စီးတီး ၂ - ၃ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
မန်စီးတီးအသင်းဟာ တိုက်စစ်က ဦးဆောင်ဂိုးတွေ သွင်းနိုင်ပေမယ့် ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် မှေးမှိန်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ မန်စီးတီးရဲ့တန်ပြန်တိုက်စစ်တွေကို ကာကွယ်ရာမှာ အားနည်းချက်များတတ်တာကို အခွင့်ကောင်းယူကာ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အားကောင်းစေမယ့် နိုင်ပွဲတစ်ခုကို ရယူသွားနိုင်ခဲ့ပါတယ်။
ဒုတိယအကျော့ ဘာနေဗြူးပွဲစဉ်မှာလည်း အခုလို အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
-------------
ဘရက်စ် ၀ - ၃ ပီအက်စ်ဂျီ
ဂျူဗင်တပ်စ် ၂ - ၁ ပီအက်စ်ဗွီ
စပို့တင်းလစ္စဘွန်း ၀ - ၃ ဒေါ့မွန်