The network connection is lost.

Banner Image

ဝက်စ်ဟမ်းရဲ့ ဆာလက်ဖြစ်လာသူ ဘိုဝမ် (နည်းစနစ်ပိုင်းအရ ချဉ်းကပ်ခြင်း)

ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းအသင်း အတွက် မိုဟာမက်ဆာလက်နီးပါး ခြေစွမ်းပြလာနိုင်တဲ့ ဘိုဝမ်ရဲ့ အကျိုးပြုပုံတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အသက်၂၅နှစ်သားဟာ နည်းပြဒေးဗစ်မိုယက်စ်ရဲ့ ယခုနှစ်အတွင်း အားအကိုးရဆုံး ကစားသမား ဖြစ်ပြီး ၈ဂိုးသွင်း ၈ဂိုး ဖန်တီးမှု လုပ်ထားနိုင်ပါတယ်။

သူရဲ့ စံချိန်တွင် မိုဟာမက်ဆာလက်တစ်ယောက်သာ ၎င်းထက် သွင်းဂိုးပက်သက်မှု ပိုများနေတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် ဘိုဝမ်ရဲ့ခြေစွမ်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မျှော်မှန်းနေတဲ့ ဟမ်းမားတွေအတွက် အားကိုးစရာ ကြယ်ပွင့်တစ်ဦး ဖြစ်လိုနေပါတယ်။

ဆာလက်လို ကစားနိုင်ခြင်း
------------------
၂၀၂၀ ဇန်နဝါရီလက ဟူးလ်စီးတီးကနေ ခေါ်ယူထားတဲ့ ဘိုဝမ်ဟာ ဆာလက်နှင့် နှိုင်းယှဉ်ခံနေရပြီး ဝက်စ်ဟမ်းရဲ့ ညာတောင်ပံတွင် သူရဲ့ ပြေးအား၊ အရည်အသွေးတွေက အသင်းကို တိုက်ရိုက်အကျိုးပြုနေပါတယ်။ သူဟာ တောင်ပံကစားသမားတစ်ဦးဖြစ်ပေမယ့် နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်စွမ်း ရှိပါတယ်။

သွင်းဂိုး၈ဂိုးထဲက ၆ဂိုးဟာ ပြိုင်ဘက်ဧရိယာထဲကနေ ကန်သွင်းခဲ့တာဖြစ်ပြီး ကျန်၂ဂိုးကတော့ ၆ကိုက်စည်းအတွင်းမှာ ခေါင်းတိုက်သွင်းယူတာ ဖြစ်ပါတယ်။ သူရဲ့ အသင်းအပေါ် အကျိုးပြုမှုတွေက တစတစ တိုးတက်လာနေပြီး အဆုံးသတ်စွမ်းဆောင်ရည်ကလည်း တစ်ခုပါဝင်နေပါတယ်။
ဆာလက်၊ ဟယ်ရီကိန်းတို့ကလွဲရင် ဘိုဝမ်ဟာ ကန်ချက်အများဆုံး လုပ်ထားနိုင်သူ ဖြစ်ပါတယ်။ အခွင့်အရေး ဖန်တီးမှုပိုင်း၊ ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်နှင့် လိမ်ခေါက်မှုပိုင်းမှာလည်း ထိပ်ဆုံး ၆ယောက်ထဲတွင် ပါဝင်နေသည်။

သွင်းဂိုးပါဝင်ပက်သက်မှု - ၁၆ကြိမ် (အဆင့်၂)
ဂိုးပေါက်ကန်သွင်းချက် - ၂၅ကြိမ် (အဆင့်၃)
အခွင့်အရေးဖန်တီးမှု - ၈ကြိမ် (အဆင့်၄)
ပြိုင်ဘက်ဧရိယာအတွင်း ဘောလုံးထိချက် - ၁၂၁ ကြိမ် (အဆင့်၆)
လိမ်ခေါက်နိုင်မှု - ၄၅ကြိမ် (အဆင့်၆)

နောက်ဆုံး လက်စတာနဲ့ပွဲမှာ ကြည့်ရင်း ဘိုဝမ်ရဲ့ အမြန်နူန်းဖြင့် နောက်ခံလူတွေကို ကျော်ဖြတ်နိုင်မှုက အသင်းတိုင်းအတွက် ကြီးမားတဲ့ အန္တာရယ်တစ်ခုပါပဲ။ နောက်ဆုံး ၁၀ ပွဲ အတွင်း ဘိုဝမ်ရဲ့ စွမ်းဆောင်မှုက ၆ဂိုးသွင်း ဂိုးဖန်တီးမှု ၄ကြိမ် ရှိပါတယ်။ ဒါဟာ ယခုတစ်ပတ်မှာ တွေ့မယ့် အက်ဒီဟိုဝီရဲ့ နယူးကာဆယ်အသင်း သတိထားရမယ့် ကစားသမားအဖြစ် ရှိနေပါတယ်။

ဘောလုံးသယ်ဆောင်မှုကနေ ဂိုးဖန်တီးနိုင်တာဟာ ဆာလက်ပြီးရင် ဘိုဝမ်က အများဆုံးပါပဲ။ ဘောလုံးသယ်ဆောင်မှုကနေ ဂိုးအဖြစ် ဖန်တီးနိုင်မှု ၄ဂိုးရှိပြီး set-pieces ကနေ ဂိုးဖန်တီးနိင်မှုကလည်း ၃ကြိမ်အထိ ဘိုဝမ် စွမ်းဆောင်ထားပါတယ်။ ဒီအချက်ကိုကြည့်ရင် ဘောလုံးကိုင်ထားရင် ဘိုဝမ်ဟာ ကြောက်စရာကောင်းတဲ့ ကစားသမားဆိုတာ ဖော်ညွှန်းနေပါတယ်။ နယူးကာဆယ်အနေနဲ့ဘိုဝမ်ကို ဘောလုံးကိုင်ထားအောင် မလွတ်ထားသင့်ပါဘူး။

ထောင့်ကန်ဘောကနေ ဂိုးအဖြစ် ပြောင်းလဲရာမှာလည်း ဘိုဝမ်က ဆရာတစ်ဆူပါပဲ ညာဘက်ထောင်ကန်ဘောကနေ အဲဗာတန်၊ လီဗာပူး၊လက်စတာ ပွဲတွေမှာ ဘိုဝမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။ အဆိုပါကန်ချက် ၃ခါစလုံးဟာ ၆ကိုက်စည်းအတွင်းထဲသို့ ဝေ့ဝိုက်ရောက်လာတာဖြစ်ပါတယ်။

ဒါတွေကို ကြည့်ရင် ဝက်စ်ဟမ်းအတွက် ဘိုဝမ်ဟာ ဘယ်လောက်အကျိုးသက်ရောက်မှု ဖြစ်နေသလဲဆိုတာ ဖော်ပြနေပြီး လီဗာပူးအသင်းကလည်း ဘာကြောင့် ဘိုဝမ်ကို စိတ်ဝင်စားနေသလဲ မြင်သာစေပါတယ်။