The network connection is lost.

Banner Image

ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဂျာရော့ဒ် ဘိုဝင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ဂျာရော့ဒ် ဘိုဝင်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုဝင်ဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်း တန်းဆင်းဇုန်ကနေ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းအသင်းမှာ အားအထားရဆုံး ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေသူဖြစ်ပါတယ်။

လက်ရှိမှာ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ပွဲကစားအပြီး ရမှတ် ၂၀ သာရရှိကာ အဆင့် ၁၈ နေရာအထိ ရောက်ရှိနေပေမဲ့ ဘိုဝင်ကတော့ အသင်းအတွက် ၈ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်တာပါ။

တင်းမ်တောခ့်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုဝင်ကို အရှေ့လန်ဒန်ကလပ်ကနေ ထွက်ခွာခွင့်ရရှိအောင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီအပြောင်းအရွှေ့ဟာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ရာသီကုန်မှာ ပရီမီယာလိဂ်ကနေ တန်းဆင်းသွားရမှသာ ဖြစ်မြောက်လာဖို့ အလားအလာရှိနေတယ်လို့လည်း သိရပါတယ်။