လိဂ်ပွဲတွေ နားချိန် အမေရိကန်မှာ ဘတ်စကတ်ဘောပွဲ သွားကြည့်ခဲ့ကြတဲ့ ဇီယက်ချ်နဲ့ လူကာကူ
ချဲလ်ဆီး အသင်းရဲ့ ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဟာကင်ဇီယက်ချ်၊ ရိုမီယူလူကာကူနဲ့ ထရီဗာချာလိုဘက်တို့ကတော့ နိုင်ငံပွဲတွေ ကစားနေချိန်အတွင်း အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး NBA ပွဲတွေကို ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ ကစားသမား ၃ ယောက်လုံးကို နယူးယော့ခ်မြို့မှာ မြင်တွေ့ခဲ့ရပေမယ့် ကြည့်ခဲ့တဲ့ ဘတ်စကတ်ဘောပွဲချင်းတော့ မတူခဲ့ကြပါဘူး။
ဇီယက်ချ်နဲ့ လူကာကူက ဘာကလေစင်တာမှာ ကစားတဲ့ Brooklyn Nets အသင်းရဲ့ ပွဲစဉ်ရဲ့ ရှေ့ဆုံးတန်းကနေ အားပေးခဲ့ကြပါတယ်။ ချာလိုဘတ်ကတော့ ၂၄ ပိုစောပြီး Madison Square Garden မှာ ကစားတဲ့ New York Knicks အသင်းရဲ့ ပွဲစဉ်ကို အားပေးဖို့ မတ်ဟတ်တန်ကို သွားရောက်ခဲ့ပါတယ်။
ဇီယက်ချ်နဲ့ လူကာကူကတော့ Utah Jazz ကို ၁၁၄ - ၁၀၆ မှတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘရွတ်ကလင်းနက်စ် ကြယ်ပွင့်ကစားသမား ကီဗင်ဒူရန်ရဲ့ တစ်ကိုယ်တော် ၃၇ မှတ် ရယူခဲ့တဲ့ မာစတာအဆင့်စွမ်းဆောင်ရည်ကို ကြည့်ရှုခွင့်ရရှိခဲ့ကြပါတယ်။ The Jazz အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ချာလိုဘက်သွားကြည့်ခဲ့တဲ့ The Knicks တွေနဲ့ ကစားခဲ့ပြီး ၁၀၈ - ၉၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိမှာ ယူကေအစိုးရရဲ့ ချဲလ်ဆီးအသင်းကို ပိတ်ဆို့မှုတွေကြောင့် အသင်းရဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ဖို့ အကန့်အသတ်ရှိနေပြီး ကစားသမားတွေကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ များလျက်ရှိပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့ FA ဖလား ကွာတားဖိုင်နယ်ကိုတောင် လေယာဉ်စီးသွားဖို့တောင် မသေချာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။