
ဟွမ်ဟီချန်းရဲ့ နာမည်ကို မေ့သွားတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ပွဲအပြီးမှာ လှောင်ပြောင်လိုက်တဲ့ ဝုဗ်အသင်း
မန်စီးတီးအား ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟွမ်ဟီချန်းက အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ကိုရီးယားနိုင်ငံသားရဲ့ နာမည်ကို မေ့သွားတဲ့ ဂွါဒီယိုလာကို ဝုဗ်က ဝေဖန်ထိုးနှက်လိုက်ပါတယ်။ ယခုရက်သတ္တပတ်အစောပိုင်းက ကာရာဘောင်ဖလားတတိယအဆင့်တွင် နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးဟာ ဒုတိယမြောက်ရှုံးပွဲကို ဆက်တိုက်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အဆိုပွဲမှာ ဟွမ်ဟီချန်းက အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ကိုရီးယားတိုက်စစ်မှူးရဲ့ သွင်းဂိုးက ကြေညာတဲ့အနေနဲ့ ဝုဗ်ရဲ့တွစ်တာအကောင့်မှာ 'THE KOREAN GUY' လို့ ရေးတင်ခဲ့ပြီး ဒါဟာ ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ဟွမ်ရဲ့နာမည်ကို မေ့သွားခဲ့တဲ့ ဂွါဒီယိုလာကို လှောင်ပြောင်တဲ့အနေနဲ့ "ကိုရီးယားကောင်လေး" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အရေးပါတဲ့လိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နှင့် ပွဲစဉ်မတိုင်မီ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။။ ပြီးခဲ့တဲ့ရာသီက ထိပ်ဆုံး ၂ သင်းကြား ပြိုင်ဆိုင်မှုဖြစ်လာမှာဖြစ်ပြီး မန်စီးတီးဟာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဝုဗ်အသင်းဟာ လာမယ့်ရက်သတ္တပတ်မှာ ခြေစွမ်းကောင်းနေတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်နှင့်ကစားဖို့ ဂျာမနီသို့ သွားရောက်ရမှာဖြစ်ပါတယ်။